Unicode
“အပိုင်း-လေး”တအောင့်ကြာတော့ မေတို့ထမင်းစားပြီးလို့စားပွဲဝိုင်းပြန်ရှင်းကာ ထမင်းပန်းကန်တွေဆေးနေလိုက်သည်။ မေပန်းကန်တွေ ရေစစ်နေတုံး နောက်ကအဖွားရဲ့အသံ ထွက်လာသည်။
"ကဲသမီးမေ အဖွားနဲ့အဖိုး ဟိုးဘက်ကစမ်းချောင်းလေးနားမှာ လမ်းသွားလျောက်အုံးမလို့ သမီးလိုက်ခဲ့မလား"
မေလက်ထဲက တချို့ေရစစ်ပြီးသား ပန်းကန်တွေသုတ်နေရင်းနဲ့
"ပြီးရင်လိုက်လာခဲ့မယ်ေနာ်ဖွား ဦးေနာင်နဲ့ အလုပ်ကိစ္စလေးတိုင်ပင်စရာရှိလို့ပါ"
ဖွားက ခံုပေါ်မှာတင်ထားတဲ့ မီးခြစ်ကို ယူလိုက်ရင်းလက်ထဲမှာ အသင့်ကိုင်ထားသည့် ေပြာင်းေဆးလိပ်ကြီးကို မီးညှိရင်း
"ဟုတ်ပါပြီ ဟုတ်ပါပြီ သမီးတို့တူ၀ရီးပြောစရာရှိတာပြော ပြီးရင်လိုက်ခဲ့ပေါ့ ဖွားတို့သွားနှင့်မယ်"
ဆယ်မိနစ်ခန့်ကြာသော်
'ကဲပန်းကန်တွေလည်းသုတ်ပြီးပြီဆိုတော့ဦးေနာင်ဆီသွားရမယ်။ ဒါနဲ့ဦးေနာင်ဘယ်ေရာက်သွားလဲမသိ အိမ်ရှေ့ခန်းမှာလားမသိဘူး'
ဦးေနာင်ကိုရှာရန်မေအိမ်ရှေ့ကိုထွက်လာလိုက်သည်။
'ဟောေတွ့ပါပြီ ဦးေနာင်ကအပင်ရေလောင်းနေတာပဲ ခုဏကမှထမင်းစားထားတာကို အခုလဲတခုခုလုပ်နေပြန်ပါပကော...'
မေရေေလာင်းေနတဲ့ ေနရာအနားသို့ မသွားဘဲခပ်လှမ်းလှမ်းကနေ အော်ပြောလိုက်သည်။
"ဗျို့ဦးနောင် ရေလောင်းတာ ခဏနားပါအုံး ခုဏကမှထမင်းစားထားတာလေ မေနဲ့အလုပ်ကိစ္စလေးလည်းပြောရအောင် ဦးေနာင်နဲ့လည်းဆိုင်နေလို့"
ဦးေနာင်ရေလောင်းနေရင်း
ပိုက်ကိုဘေးချကာ မေ့ကိုလှမ်းပြောသည်။"လာပြီသမီးမေရေ ဦးေနာင်ဒီဘက်ေလာင်းပြီးတာနဲ့လာခဲ့မယ် ဘယ်လောက်မှမကြာဘူး အဲ့မှာခဏစောင့်နေ ဟုတ်ပြီလား"
မေဘေးက ခပ်ဖွဖွရီရင်းေခါင်းခါမိသည် ဦးေနာင်ကတော့ တကယ်ဦးေနာင်ပါပဲလို့ေတွးရင်း ဘေးနားကကြိမ်ထိုင်ခုံေလးပေါ် ထိုင်လိုက်ပြီး ပြောလိုက်သည်။

YOU ARE READING
မေ့ရဲ့မမမြိုင်
Romance🌼-GL FICTION-🌼 "မေ့အတွက်တော့မြိုင်ဟာ အိမ်ကလေး မြိုင့်အတွက်တော့ မေဟာပိတောက်ပန်းကလေးတဲ့" အိမ်လေးလိုနွေးထွေးတယ်။ ပိတောက်တွေလိုသစ္စာရှိတယ်။ ချစ်ခြင်းတရားတွေဟာ လှပလေတယ်။ ဒီလိုနဲ့ မမမြိုင်ရင်ထဲ ကြိုးနီလေးဟာ မြဲမြံစွာ ချည်လေတော့ ကျန်ရစ်သူေလးဟာ ပူဆွေးရ...