Unicode
"အပိုင်း-လေးဆယ့်သုံး"မြိုင်ဟာ မေ့၏အမျိုးသမီးလေး။
မေကာကွယ်ပေးချင်မိတဲ့ အမျိုးသမီးလေးဖြစ်သည်မို့ မြိုင့်တစ်ယောက်ကိုသာ ေမကြင်နာချင်သည်။မေတစ်ယောက် ညစာအတွက် မြိုင်ချက်ပေးသည့် ရှမ်းစာပူပူနွေးနွေးတို့ကို စားပြီးရင်ထဲပြည့်နေသည်။ ထို့ကြောင့် ပန်းကန်တွေပြန်စီနေသည့် မြိုင့်၏နားအနားကပ်ကာ အပြင်မှာခဏထိုင်နေမည်ဟုပြောရင်း မထိတထိဖြင့်အရှက်သည်းသည့်ချစ်သူလေးကို စရသည်မှာ မေ့၏အလုပ်။
မြိုင်ဟာလှသလို မြိုင့်၏လက်ရာဟာအလွန်ကောင်းသည်။ မြိုင်ဟာ...
ယခုလို အချိန်တိုင်း မြိုင့်အကြောင်းပဲတွေးနေနိုင်အောင် ပြုစားလွန်းသည့်မြိုင်ကိုမေဘယ်လိုခွဲရမည်နည်း။ မေစဉ်းစားရကြပ်သည်။ ရန်ကုန်ကိုပြန်ရမည့်အကြောင်းပြချက်ကိုမေဘယ်လိုရှာရမှန်းမသိတော့။
ရုတ်တရက် လေနုနုအဝေ့တွင် လက်ဖက်နံ့နှင့်အတူ ရေနွေးကြမ်းဗန်းကို ကိုင်လာသည့်မြိုင့်ကိုတွေ့သည်။ မြိုင့်၏နားရွက်နုနုတို့မှာအအေးဓာတ်ကြောင့်လားမသိ။ ပန်းရောင်သန်းနေသည်။ ထို့အတူ မြိုင်ဟာသူမ၏ဆံနွယ်ရှည်တွေကိုပုံမှန်နှင့်မတူ ဖြန့်ချထားသည်မို့ ချစ်ရသူလေးမှာ ယနေ့တွင် ခါတိုင်းထပ်ပိုလှနေသည်ကိုမေအတည်ပြုမိသည်။
"အိုညီမမေ ဒီလောက်မကြည့်နေပါနဲ့ကွယ်"
"မရပါဘူး မျက်စိတွေကောင်းသရွေ့ မြိုင့်ကိုပဲကြည့်နေမှာကို မြိုင်သိရဲ့သားနဲ့"
'ကဲ..'
နောက်တစ်ဖန် မြိုင့်၏နားရွက်တို့နှင့်အတူသူမ၏လက်ဖဝါးလေးတွေပါနီရဲတက်လာပြီကိုေမအသည်းတယားယားဖြင့်ကြည့်ေနမိသည်။
အထိမခံနိုင်ဖြစ်လွန်းသည့်မြိုင်ဟာ ကလေးတစ်ယောက်နှယ်။
"အဟမ်း တော်တော်ကဲပါလား ရင်ပြည့်နေတာပျောက်သွားအောင် ရော့ ဒါလေးသောက်"
ဟုမြိုင်ဟာ ရေေနွးကြမ်းတစ်ခွက်ကမ်းပေးသည်။ ပန်းရောင်သန်းနေသည့် မြိုင့်လက်ထဲကရေနွေးကြမ်းခွက်ကိုယူလိုက်သလို မြိုင့်၏လက်ကောက်၀တ်တို့ထံ မနေနိုင်ပဲ နယ်ကျွံမိသည်။
![](https://img.wattpad.com/cover/262215095-288-k19065.jpg)
YOU ARE READING
မေ့ရဲ့မမမြိုင်
Roman d'amour🌼-GL FICTION-🌼 "မေ့အတွက်တော့မြိုင်ဟာ အိမ်ကလေး မြိုင့်အတွက်တော့ မေဟာပိတောက်ပန်းကလေးတဲ့" အိမ်လေးလိုနွေးထွေးတယ်။ ပိတောက်တွေလိုသစ္စာရှိတယ်။ ချစ်ခြင်းတရားတွေဟာ လှပလေတယ်။ ဒီလိုနဲ့ မမမြိုင်ရင်ထဲ ကြိုးနီလေးဟာ မြဲမြံစွာ ချည်လေတော့ ကျန်ရစ်သူေလးဟာ ပူဆွေးရ...