Unicode
"သီတင်းကျွတ်အတွက်
သီးသန့်လက်ဆောင်"
21 Verသီတင်းကျွတ်အချိန်အခါဖြစ်သဖြင့် ကျောင်းတွေပိတ်သည်။ ထိုကြောင့် မြိုင်အနားရပြီး မေ့အနားပဲ အမြဲလိုလိုနေဖြစ်သည်။
ကျောင်းပိတ်ရက်မှာ ထွေထွေထူးထူးလုပ်ရန် ဘာမှမတွေးထား မေ့အနားမှာရှိနေရလျှင်ကိုပျော်နေပြီဖြစ်သည်။ ထိုကြောင့်လက်ထဲကဖုန်းကိုချလိုက်ရင်း ပြက္ကဒိန်ကိုသွားကြည့်တော့ဒီနေ့ဟာလပြည့်နေ့ဖြစ်နေသည်။
မီးဖိုချောင်ထဲမှာ တစ်ေယာက်ထဲ အလုပ်ရှုပ်ေနသည့် မေ့အနားသွားပြီး ဒီနေ့ဟာလပြည့်နေဖြစ်ကြောင်းသတိပေးလိုက်သည်။
"မေ ဒီနေ့လပြည့်နေ့ ဘုရားသွားကြမလား"
"သွားမယ်လေ တခါတည်းအဖေတို့ဆီပါသွားကန်တော့ကျတာပေါ့"
"အင်း..ဘာကူပေးရအုံးမလဲ"
"မလိုဘူး အမပဲ၀င်ချက်နေတာ ညီမလဲတခါတလေ၀င်ချက်ပေးအုံးမယ် အေးဆေးသာသွားနေ"
"အော်ဟုတ်ပြီလေ"
အတူနေ၊အတူချစ်လာသည့် သက်တမ်းကြာလာတာနှင့်အမျှ မေနှင့်မြိုင်အရင်ကလောက်စကားမပြောဖြစ်။ မြိုင့်စိတ်ထဲမှာဆို မေဟာမြိုင့်ကိုအရင်ကလောက် ဂရုမစိုက်ပေး၊မချစ်ပေးတော့ဟုခံစားနေရသည်။ သို့သော်...
မြိုင်လျောက်တွေးနေတာတွေ ရပ်လိုက်ပြီးရေသွားချိုးလိုက်သည်။ ရေချိုးပြီးတော့ ဘီရိုထဲက ညီမမေနှင့်ဆင်တူချုပ်ထားသည့် ၀မ်းဆက်မိုးပြာရောင်လေးကို၀တ်ကာ ခါးနားလောက်ထိရှည်နေသည့် ဆံပင်တွေကိုသေချာဖီလ်းကာ မိတ်ကပ်ပါးပါးလေးလူးပြီး နှုတ်ခမ်းနီခပ်ပါးပါးဆိုးကာ လွယ်အိပ်ကိုယူပြီး မီးဖိုချောင်ထဲ၀င်သွားလိုက်သည်။
"ညီမမေ စားလို့ရပြီလား"
"ရပြီ စားကြရအောင်"
"အင်း"
မြိုင်နှင့်မေထမင်းစားလို့ပြီးတော့ အပြင်သွားရန် မေပြင်ဆင်နေတာကို ဖုန်းသုံးရင်းအိမ်ရှေ့မှာထိုင်စောင့်နေလိုက်သည်။ ရုတ်တရက်လိုင်းပေါ်ကပိုစ့်တစ်ခုကြောင့်မြိုင့်စိတ်ထဲဂနာမငြိမ်ဖြစ်လာတော့သည်။ ထိုပိုစ့်တွင်ရေးထားသည်မှာ

YOU ARE READING
မေ့ရဲ့မမမြိုင်
Romansa🌼-GL FICTION-🌼 "မေ့အတွက်တော့မြိုင်ဟာ အိမ်ကလေး မြိုင့်အတွက်တော့ မေဟာပိတောက်ပန်းကလေးတဲ့" အိမ်လေးလိုနွေးထွေးတယ်။ ပိတောက်တွေလိုသစ္စာရှိတယ်။ ချစ်ခြင်းတရားတွေဟာ လှပလေတယ်။ ဒီလိုနဲ့ မမမြိုင်ရင်ထဲ ကြိုးနီလေးဟာ မြဲမြံစွာ ချည်လေတော့ ကျန်ရစ်သူေလးဟာ ပူဆွေးရ...