(ENDING)

3.3K 143 29
                                    

Unicode
"ဇာတ်သိမ်းပိုင်း"

သပိတ်ကြီးမစခင်ည‌၌ မေတို့အဖွဲ့ပြန်၍စီစစ်သည်။ အမှားမပါစေရန် အရာရာကိုထောက်စေ့အောင်လုပ်နေကြသည်။ ထို့အပြင် ရေဒီယိုမှ သတင်းတွေကိုလဲနားစွင့်လျှက်။ ညနေခုနစ်နာရီခန့်တွင် မေတို့ကိစ္စအားလုံးကိုလက်စသတ်လိုက်ကြသည်။ ထို့နောက်မေတို့ အပြင်ဘက်ထွက်ထိုင်နေကြသည်။ ခြံ၀န်းအသေး‌လေးထဲတွင်လူလေးယောက်ရှိနေသည်။

ကိုကြီးထွန်းအောင်မှ ဆေးပေါ့လိပ်တစ်လိပ်ကိုခပ်လှမ်းလှမ်းတွင်ဖွာက‌ာမေတို့နှင့်စကားပြောနေလေသည်။

"နက်ဖြန်သပိတ်ကိုဂရုစိုက်နော် အကြီးအကျယ်လုပ်မှာဆိုတော့ အရေးကြီးတယ်။ တစ်ခုခုဆို ပြောထားတဲ့အတိုင်း လူခွဲပြီးပြေး ကြားကြတယ်နော် လွတ်အောင်ရှောင်သာပြေး"

ခြံလေးထဲရှိလူများ၏အတွေးတွင်လဲ ထိုသတိပေးစကားများကိုမှတ်သားလျှက်ရှိသည်။ ဟုတ်သည်လေ မနက်ဖြန်၌မေတို့အစွမ်းကုန်တော်လှန်ကြမည်ပင်။

"ညီမမေလဲ ဟိုတစ်ခေါက်ကလိုဒဏ်ရာမရစေနဲ့နော် မောင်နိုင်းလဲကြည့်ကာပေးကြားလား ငါ့ညီမကြည့်ရတာ တော်တော်ပင်ပန်းနေတဲ့ပုံ ကဲ...အဝါရေအကို၀င်တော့မယ် အေးဆေးစကားပြောနှင့်"

ဟုဆိုကာ မီးသေသွားသည့်ဆေးပေါ့လိပ်ကိုခြေဖြင့်နင်းကာ အိမ်ထဲ‌၀င်သွားလေသည်။ ထို့နောက် မေတို့သုံးယောက်သား ခြံထဲ၌အတူခေါင်းစိုက်ကာတစ်ယောက်ပုခုံးတစ်ယောက်နှိပ်ပေးနေကြသည်။ ဒီရက်ပိုင်းတကယ်ကိုပင်ပန်းသည်ပင်။ ညဘက်ဆိုလျှင်အဆာအငတ်ခံဆန္ဒပြသူများနှင့် ဆန္ဒသွားပြကြသည်။ စစ်သားတွေကင်းလှည့်လို့ မထီရင်မထီသလို အရိုက်ခံရသည့်ကျောင်းသားများကိုလည်း ကယ်ထုတ်ပေးရသည်မို့ အတော်ကို ပင်ပန်းနေကြသည်။

နှိပ်နှယ်ပြီးသည့်နောက်တွင် မေ့အားအဝါမှနှုတ်ဆက်ကာ အိမ်ထဲ၀င်သွားလေသည်။ ထို့နောက်မောင်နိုင်းမှစကားစသည်။

"မနက်ဖြန်ကျရင် ဟောပြောပွဲတွေပါလုပ်မယ်တဲ့ နင်ပါဒီတစ်ခေါက်လိုက်ခဲ့လေ လက်ထိထားတဲ့ ကထိကကြီးက အလံကိုင်နေတာငါနေလို့မကောင်းဘူး လိုက်ပြီးတော့ပဲဟောပြောတော့"

မေ့ရဲ့မမမြိုင်Where stories live. Discover now