(Part-39)

1.7K 163 8
                                    

Unicode
"အပိုင်း-သုံးဆယ့်ကိုး"

ချစ်ရသူထံမှ စိုးရိမ်စိတ်အပြည့်နဲ့ ကြည့်လာတဲ့ မျက်လုံးတွေကို မေမခံနိုင်။ မြိုင်ဟာလည်း ကိုယ့်လိုမျိုး နှောင်တွယ်နေမိပြီထင်ပ။

'ခက်ရချည်ရဲ့...'

"သေစကားတွေမပြောပါနဲ့မေရယ်"

"တစ်ခုခုများဖြစ်နေသလား"

"အမကူညီနိုင်တာများရှိသလား"

မျက်ခုံးတွေကို ဖြေလျော့လိုက် တဖန်ပြန်တွန့်လိုက်ဖြင့် စိုးရိတ်တကြီးပြောနေသည့် မြိုင့်၏ ချယ်ရီရောင် နှုတ်ခမ်းနုနုမှာ တုန်ယင်နေသည်။

'ချယ်ရီ..ချယ်ရီပန်းပွင့်တွေလို မြိုင့်နှုတ်ခမ်းကချိုလေမလား...'

ရှက်စိတ်တို့နှင့်အတူ မေတစ်ယောက်အာရုံပြန်ကပ်လိုက်သည်။

'အို..ဘယ်နှယ့် ရှေ့ကလူကစိုးရိမ်နေတာကို ကိုယ့်အာရုံတွေက နှုတ်ခမ်းလှလှတို့ထံမှာပျံဝဲနေသည်လား.."

"မြိုင်စိတ်မပူပါနဲ့ ညီမဒီတိုင်းပြောကြည့်တာပါ အချိန်တန်ရင်ပြောပြပါမယ်"

မေတစ်ယောက်မြိုင့်ကိုစိတ်ပူပြေစေရန်‌ေချွးသိပ်နေရသော်လည်း တကယ်တန်း စိတ်မအေးနိုင်သေး။

"..အင်း ဟုတ်ပြီလေ အမစောင့်နေပါ့မယ်"

"အင်း"

မေတို့ တောင်ပေါ်လမ်းလေးကနေ စက်ဘီးမစီးတော့ပဲ လမ်းအတူလျှောက်လာလိုက်သည်။ တောင်ပေါ်လမ်းလေး ဘေးကတောပန်းလေးတွေနှင့်အတူ လတ်ဆက်‌တဲ့လေနုအေးနှင့် ဟိုးအဝေးက တောင်တန်းကြီးတွေမှာ ပရံသင့်စွာနှင့် ပန်းချီကားတစ်ချပ်လို အချစ်ဌက်လေးနှစ်ကောင်နှင့်အတူ လှပနေသည်။

မေတို့အိမ်ကို ပြန်ရောက်သည့်အချိန်တွင် ‌ေန့လည်ကျော်ပြီး နေစောင်းနေပြီဖြစ်သည်။ ‌စက်ဘီးကို သော့ခတ်ခ်ရမည်ဆိုသော်လည်း မြိုင့်၏လက်နုနုကို မလွတ်ပေးချင်ပြန်။ ထိုကြောင့်စက်ဘီးကို မြေကြီးပေါ်ခပ်ဖြေးဖြေးချလိုက်ရင်း အားရစွာဖြင့် လက်ဖဝါးနုနုတို့ကို ပွတ်သပ်မိသည်။

'အိနေတာပဲ ဂွမ်းလုံးလေးကျနေရော'

'လက်လေးတွေက အရမ်းပဲ ချစ်စရာကောင်းလို့ ကိုက်ချင်မိတယ်'

မေ့ရဲ့မမမြိုင်Where stories live. Discover now