(Part-9)

2.4K 182 0
                                    

Unicode
“အပိုင်း-ကိုး”

"ဒါနဲ့ညီမမေ ဒီတခါ ပြောမဲ့ဟာကတော့အရေးကြီးတယ်...အကိုတို့လာမဲ့"

စကားမဆုံး‌ေသးခင်မှာပဲ အကိုကြီးထွန်းအောင်ကမေ့ကိုတချက်လှမ်းကြည့်သည်။ ပြီး‌ေတာ့ သူ့အကြည့်တွေက ပုံမှန်မဟုတ်အရင်ကထက် လေးနက်လို့နေသည်။

"ဟုတ်ကဲ့..ဆက်ပြောလေ"

"အင်း..အခုပြောမဲ့ကိစ္စက အရင်ကလိုအလှူခံတဲ့ ကိစ္စတွေ မဟုတ်တော့ဘူး။ ကျောင်းသားအဖွဲ့အစည်း‌ေတွကိစ္စ ညီမကြားမိမယ်လို့ထင်တယ်။ အခုဆိုရှယ်လစ်ပါတီနဲ့အကိုတို့ဗ.က.သနဲ့ ပြဿနာတစ်ခုတက်နေတယ်။ ဒါကြောင့်ညီမအကိုတို့ရဲ့အဖွဲ့ထဲ၀င်ဖို့စိတ်၀င်စားလား၊ ညီမလဲ အရင်က ကထိကလက်ထောက်လုပ်ဖူးတော့ အကို‌တို့ကျောင်းသားတွေဘက်ကိုပါချင်လား။

အကိုကြီးထွန်းအောင်ရဲ့ ‌ေနာက်ဆံုးစကားကိုကြားပြီး မေခဏတွေဝေမိသွားသည်။

"ဒါပါပဲ ကိုယ်ပြောချင်တာက ညီမရောဘယ်လိုလဲ"

မေခံု‌ေပါ်ကလက်ဖက်ရည်ခွက်ကိုမော့သောက်လိုက်ရင်း သက်ပြင်းဖွဖွချမိသည်။

"ဟင်း"

မေ့ရဲ့သပ်ပြင်းချသံကိုကြားပြီးအကိုကြီးထွန်းအောက်က ရိပ်မိသွားဟန်တူသည်။

"စိတ်မပူပါနဲ့ညီမရ အကိုစ စ၀င်ချင်းတုံးကလည်း ညီမသူငယ်ချင်းဝါဝါက စိတ်မချဘူးဆိုပြီးအကို့ကိုတားသေးတယ်။ ဒါပင်မဲ့အကို သူ့ကိုရအောင်နားချပြီး ဒီလမ်းကိုရွေးခဲ့တယ်။ ညီမကို ပြောချင်တာကတော့ ၀င်တာမ၀င်တာထပ် အခုကိစ္စကိုသေသေချာချာ ‌ေခါင်း‌ေအး‌‌ေအးထားပြီး စဉ်းစားစေချင်တယ်။ ညီမဆုံးဖြတ်ချက်ချပြီးသွားရင်တော့ ဒီဆိုင်မှာအကို့ကိုပြန်လာတွေ့ ဒီဆိုင်မှာအကိုအမြဲစခန်းချနေတယ်"

ကိုကြီးထွန်း‌ေအာင် စကားသံဆုံးသည်နှင့်အတူ လက်ဖက်ရည်ကို လက်စသတ်‌ေသာက်လိုက်ပြီး ကိုကြီးထွန်း‌ေအာင်ကို နှုတ်ဆက်ကာအိမ်ပြန်လာခဲ့သည်။

မေကားဂိတ်နားရောက်တော့ နေ့လည်သုံးနာရီ‌ေတာင် ထိုးလုနီးပါပြီဖြစ်သည်။ အိတ်ထဲက ပိုက်ဆံတစ်ရာ ထုတ်လိုက်ရင်း အပြန်ကားကိုစောင့်နေမိသည်။

မေ့ရဲ့မမမြိုင်Where stories live. Discover now