(Part-36)

1.9K 140 2
                                    

Unicode
"အပိုင်း-သုံးဆယ့်ခြောက်"

မမမြိုင် အထဲပြေးသွားသည်နှင့် မေလည်းအတူ အိမ်ထဲ၀င်လာခဲ့သည်။ မီးဖိုချောင်ဘက်ကြည့်တော့ အနာဆေးရန်အတွက်ရေနွေးအိုးတည်နေသည်။ ထို့ကြောင့်အခန်းထဲသွားပြီး အ၀တ်အစားချွတ်ကာ ရေလဲထမိန်၀တ်ပြီး နောက်ဘက်အုတ်ကန်ဆီသို့သွားလိုက်သည်။ ညနေငါးနာရီလောက်သာရှ‌ိသေးသော်လည်း ရေကန်ထဲကရေတွေမှာအစဉ်လာမပြတ်အေးနေပြီဖြစ်သည်။ ရေအေးအေးတို့ကို နည်းနည်းသာလောင်းချိုးလိုက်ပြီးအိမ်ထဲသို့မြန်မြန်ပြန်ပြေးလာရသည်။

ရေချိုးပြီးလို့မေ ရှပ်အကျီတစ်ထည်နှင့်‌ေဘာင်းဘီ ကောက်စွတ်ပြီး မီးဖိုချောင်ထဲသွားလိုက်သည်။

"လာညီမမေ ရေချိုးပြီးပြီမလား"

"ဟုတ်ချိုးပြီပြီ"

ဟုပြောနေတုံး မေတစ်ယောက်ကွတ်ပစ်ပေါ်ပုံကနဲကျသွားသည်။

"ကဲ ရေဆေးပြီး ဆေးထည့်ကြတာပေါ့"

ဟုဆိုလာသည့် မမမြိုင်ဟာ တမျိုးလေးချစ်စရာကောင်းနေသည်။ အနာအားရေနွေးနွေးဖြင့် ဆေးပေးနေပြီး ဆေးလူးပေးနေသည့်ပုံလေးဟာ မေ့ရင်ထဲရှိနှလုံးသားကိုခုန်စေသည်။

အဲ့လိုမေက မြိုင့်ကိုကြည့်မိတိုင်း ဘာလုပ်လုပ် သဘောကျနေတတ်ပြီး အမြဲရင်ခုန်နေမိတာ အချစ်ကြောင့်ဖြစ်မည်ထင်သည်။

"‌ဟိတ် ညီမမေ ဘာတွေတွေးနေတာလဲ"

"အာ..အေးပြီးနာလို့"

ဟု‌ေမတစ်‌ေယာက်မျက်နှာကို ရှုပ်မဲ့ပြပြီးဂွင်ဆင်နေပါတော့သည်။

"အေးနေလို့လား အနာကစပ်နေတာလား"

"နှစ်ခုလုံးပဲ မြိုင်ရဲ့"

"အမ်း စပ်တာကတော့နည်းနည်းသည်းခံလိုက်နော် အေးရင်အထဲသွား၀င်နေ"

"ဟင့်အင်း စပ်တာကိုရော အေးတာကိုရောပျောက်တဲ့နည်းရှိတယ်"

"ဘာနည်းလဲမေ"

ဟုဆိုကာခြေထောက်ဘေးကရေဇလုံကိုကွက်တိဖယ်လိုက်သည့်မမမြိုင်။ အခွင့်အရေးသမားပီပီ လက်မြန်သည့်မေ။

မေ့ရဲ့မမမြိုင်Where stories live. Discover now