12

633 66 0
                                    

Chapter 12: တိတ်ဆိတ်နေခြင်း

ချူကျုန်းထန် သူ့ဇနီး၏စကားကို ကြား၍ ငြိမ်ကျသွားသည်။

ကျိုးခေတ်ကိုစတင်တည်ထောင်သူ ဧကရာဇ် တိုင်ဇူ သည် နိုင်ငံတည်ထောင်စဉ်တွင် သားအားလုံးဆုံးရှုံးလိုက်ရသည်။ တိုင်ဇူ ၏ ညီသည် သူ့သားဖြစ်သော လက်ရှိ ချီမင်းသားကို မွေးစားရန်ပေးလိုက်သည်။

သို့သော် တိုင်ဇူသည် ပြင်ပမှလောသော ပညာရှင်တစ်ဦးအား အနိုင်တိုက်ရန် သူ့အသက်ကို အနစ်နာခံသွားသည်။
တည်ထောင်ခါစနိုင်ငံ၏ တည်ငြိမ်မှုနှင့် ငယ်ရွယ်သော မွေးစားသား၏ အသက်ကို ထည့်တွက်ကာ တိုင်ဇူသည် သေခါနီးတွင် သူ့ညီအား ထီနန်းလွှဲခဲ့သည်။

ဒါက ဧကရာဇ် တိုင်ကျုံး၏ ပေါ်ထွက်လာခြင်းပင်။
တိုင်ဇူ၏အမိန့်ကို နာခံ၍ တိုင်ကျုံးသည် ကျိုးအင်ပါရာကို ချဲ့ထွင်ခဲ့လေသည်။ များစွာသော တိုက်ပွဲများနှင့် ရလာသော ဒဏ်ရာများကြောင့် တိုင်ကျုံးသည်လည်း အရွယ်မတိုင်ခင် ချုံးချုံးကျခဲ့သည်။ ထိုအခါ အနာဂါတ်မင်းလောင်း ရွေးရာတွင်မူ ပြဿနာတက်လေသည်။

ဓလေ့အရ ဧကရာဇ်သည် တိုင်ဇူ၏ မျိုးဆက်သာဖြစ်ရမည်ပင်။ ချီမင်းသား ငယ်ရွယ်သေးမှုကြောင့်သာ တိုင်ကျုံး နန်းတက်ရခြင်းပင်။ ယခု ချီမင်းသားလည်း အရွယ်ရောက်လာပြီဖြစ်၍ နေရာမှာ ချီမင်းသားထံ ပြန်ပေးသင့်ပေသည်။

သို့သော် လောဘသည် လူတိုင်းတွင်ပေါက်ဖွားလာစမြဲပင်။ ချီမင်းသားသည် တိုင်ကျုံး၏ သားအရင်းဖြစ်သော်လည်း ငယ်စဉ်ကတည်းက တိုင်ဇူ၏ မွေးစားခံလိုက်ရသောကြောင့် တိုင်ကျုံးသည် သားအဖြစ် မမြင်ပေ။
ထိုအစား တိုင်ကျုံးသည် သူ၏အကြီးဆုံးသားဖြစ်သော ကျင်မင်းသားကိုသာ ပိုနှစ်သက်လေသည်။

တိုင်ကျုံး အကြံတစ်ခုထုတ်ကာ အမိန့်ထုတ်လိုက်လေသည်။ သူတို့နှစ်ဦးမှ မြေအင်မော်တယ်အဆင့်ကို ပထမဆုံးရောက်သူအား ထီးနန်းပေးမည်ဟုပင်။

ကျင်မင်းသားသည် ချီမင်းသားထက်အသက်ပိုကြီးပြီး တိုင်ကျုံး၏ထောက်ပံ့မှု အပြည့်အဝရသောကြောင့် ကျင့်ကြံမှုတွင် အထောက်အကူပစ္စည်းအများအပြားရလေသည်။ ပြောစရာမလိုအောင်ပင် ကျင်မင်းသားက မြေအင်မော်တယ်ကို အရင်ရောက်ပြီး ထီးနန်းဆက်ခံကာ ကောင်းကျုံးဧကရာဇ် ဖြစ်လာလေသည်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now