16

540 68 0
                                    

Chapter 16: နက်ရှိုင်းသော ညီအစ်ကို သံယောဇဉ်

ဇူအန် ရယ်လိုက်သည်
"အစ်ကို ၁၂က လမ်းမှာ စောင့်ရှောက်ရင် ကျွန်တော့အတွက်တော့ ကောင်းတာပေါ့"
ဒီလူက မကောင်းသောအကြံရှိကြောင်း ဇူအန် အတည်ပြုပြီးလေပြီ။
တစ်ခါတည်း ဤအခွင့်အရေးကို အသုံးချ၍ နောက်ကွယ်ကလူကို ဖော်ထုတ်နိုင်ပေလိမ့်မည်။

သူတို့နှစ်ဦး မြို့ပြင်ကို အတူထွက်ကြသည်။

ဒီခရီးစဉ်မှသာ ဇူအန်ဝိညာဉ်ပြောင်းသောနေ့က သူမည်မျှကံကောင်းကြောင်း သိလိုက်သည်။ သူနိုးလာသော လမ်းကြားသည် မြို့အစွန်တွင်ဖြစ်ပြီး ထိုနေရာအလွန်တွင်ကား တောအုပ်သာရှိတော့သည်။

စစ်သားများနှင့်ကျင့်ကြံသူများသည် အနီးရှိနဂါးဝှက်တောင်တန်းမှ ထွက်လာတတ်သော သားရိုင်းများကိုရှင်းထုတ်ရန် ကင်းလှည့်လေ့ရှိသည်။
ထိုသားရိုင်းများသည် အရေအတွက်များပြီး တစ်ခါတစ်လေ တောင်ခြေတွင် ခြေလျင်ခရီးသွားသူများကို တိုက်ခိုက်တတ်သည်။

ကင်းတဲများသည် ဆင်ခြေဖုံးအလွန်တွင် တည်ရှိပြီး သာမန်လူများ အန္တရာယ်မဖြစ်စေရန် ကာကွယ်ထားသည်။

ဇူအန် မက်မွန်ပွင့် ၁၂ နှင့်အတူ လိုက်လာမိခြင်းမှာ ကံကောင်းလေသည်။ သူ့တွင် ကျင့်ကြံသူဖြစ်ကြောင်းအထောက်အထားဖြစ်သော ခရီးသွားလက်မှတ်ကဲ့သို့ ကတ်ပြားတစ်ခု ပါလေသည်။
သို့မှသာ အစောင့်များက ၀င်ထွက်ခွင့်ပြုလေသည်။

ကင်းတဲကိုဖြတ်ပြီးနောက် ဇူအန် မက်မွန်ပွင့်  ၁၂ကို အားကျသောအကြည့်ဖြင့် ကြည့်လေသည်။
"အစ်ကို ကျင့်တာတာအဆင့်ဘယ်လောက်ရောက်ပြီလဲ။ အစောင့်တွေက မင်းကို အထင်ကြီးသလိုပဲ"

သူက ရန်သူ၏အခြေအနေကိုသိမှ မည်သို့ပြင်ဆင်သင့်ကြောင်း သိပေလိမ့်မည်။ မက်မွန်ပွင့် ၁၂ က ဇူအန်၏ ခွန်အားအကြောင်း မသိသေးသည်မှာ ကံကောင်းလှပေသည်။

မက်မွန်ပွင့် ၁၂က ဘဝင်မြင့်သွားပြီး
"သိပ်မမြင့်ပါဘူး။ ဒုတိယအဆင့်ရဲ့ တတိယပိုင်းမှာပါပဲ"

ကြည့်ရတာအဲ့လောက်လည်း မကောင်းပါဘူး ငါတစ်ရက်ကျင့်စာပဲရှိတယ်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Donde viven las historias. Descúbrelo ahora