190

359 50 0
                                    

Chapter 190: ပြန်ကောင်းလာခြင်း

မိန်လိ၏ မျက်လုံးများ ခက်ထန်သွားပြီး “သူက ကြိုပြင်ဆင်ထားခဲ့တာလား”

“မင်းနဲ့ သူ့ကြား ပတ်သက်ဆက်နွှယ်ခဲ့ဖူးတာကို ထောက်ထားလို့ပဲ သူ မင်းကို သတ်မယ့်အစား ပိတ်လှောင်ပစ်လိုက်ဖို့ ရွေးချယ်ခဲ့တာ…..” ကျန်းဟန်က ပြောလိုက်သည်။

သူ့စကားမဆုံးခင် မိန်လိက နှာရှုံ့ပြီး ကြားဖြတ်စွတ်ပြောလိုက်သည်။  “ငါ့ကို တကယ်သတ်ပစ်နိုင်မှာကျနေတာပဲ”

“အမှန်ပဲ။ အစတုန်းကတော့ အရှင်မင်းကြီးက မင်းကို မသတ်နိုင်ခဲ့ဘူး။ ဒါပေမယ့် အဲ့လိုလုပ်နိုင်မယ့်သူ တစ်စုံတစ်ခုကို သူ ရှာတွေ့သွားခဲ့တယ်။ ဒါပေမယ့် မင်း ပိတ်လှောင်ခံလိုက်ရပြီးပြီဆိုတော့ အမှားအယွင်းတစ်ခုခု ဖြစ်လိုဖြစ်ငြား အဲ့ဒီပစ္စည်းကို ငါ့ထံ သူ ပေးအပ်ခဲ့တယ်။ အဲ့ဒီပစ္စည်းကို တကယ်အသုံးပြုရမယ့် နေ့ ရောက်လာလိမ့်မယ်လို့ ငါ မတွေးမိခဲ့ဖူးဘူး” ကျန်းဟန်က ပြန်ပြောလိုက်သည်။

“မင်းဆီမှာ ငါ့ကို သတ်နိုင်မယ့် ဘယ်လိုအရာမျိုးရှိလဲဆိုတာ ငါ သိတော့သိချင်မိသား” မိန်လိ နှာရှုံ့လိုက်သည်။ သူ့ခြိမ်းခြောက်မှုကို လုံးဝမကြောက်ချေ။

“ရှန်းအမျိုးသမီးရဲ့ အနီရောင်မျက်ရည် ဆိုတာ မင်း ကြားဖူးလား”

“ရှန်းအမျိုးသမီးရဲ့ အနီရောင်မျက်ရည်” မိန်လိ မျက်မှောင်ကြုတ်လိုက်သည်။ ထိုပစ္စည်းအကြောင်း သူမ တစ်စက်လေးမှ မသိပါ။

“မင်း အဲ့ဒါကို မသိတာက သဘာဝကျပါတယ်။ အဲ့ဒါက မင်း ပိတ်လှောင်ခံရပြီးနောက်ပိုင်း ဖြစ်ခဲ့တဲ့ အဖြစ်အပျက် ဖြစ်နေလို့လေ” ကျန်းဟန် အတိတ်က အကြောင်းအရာကို စတင်စားမြုံ့ပြန်လိုက်သည်။ “တစ်ခါ အရှင်မင်းကြီး တိုင်းခန်းလှည့်ခရီးသွားနေတုန်း ရှန်းတောင် နတ်ကွန်း မှာ လေပြင်းမုန်တိုင်းတစ်ခုနဲ့ ကြုံတွေ့ခဲ့ရလို့ မြစ်ကို မဖြတ်ကျော်နိုင်ခဲ့ဘူး။ အဲ့ဒါကြောင့် အရှင်မင်းကြီးက တော်၀င်ဘုန်းတော်ကြီးကို ရှန်းအရှင်မ ဆိုတာ ဘယ်လိုနတ်မျိုးလဲဆိုပြီး မေးခဲ့တယ်။ အဲ့ဒီမှာ တော်၀င်ဘုန်းတော်ကြီးက သူမက ယောင်ရဲ့ သမီးတော် နဲ့ ရွှန် ရဲ့ ဇနီးသည်ဖြစ်ပြီး သူမကို ဒီမှာ မြုပ်ခဲ့ကြတယ်လို့ ပြန်ဖြေခဲ့တယ်”
(မှတ်ချက် - ယောင် နဲ့ ရွှန် တို့နှစ်ယောက်လုံးက ရှေးတရုတ်ပြည်ရဲ့ ဒဏ္ဍာရီဝင်အုပ်စိုးသူတွေ၊ အာဏာရှင် သုံးပါးနဲ့ အင်ပါယာ ငါးပါး ထဲမှာ ပါကြတဲ့သူတွေပါ)

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Nơi câu chuyện tồn tại. Hãy khám phá bây giờ