116

349 45 0
                                    

Chapter 116.

ရုတ်တရက်အော်သံကြောင့် လူတိုင်း ကြောင်သွားသည်။

သို့သော် စင်မြင့်ပေါ်က ဝူတိ ကျောချမ်းသွားရသည်။
ဘာဖြစ်နေတာလဲ ။ ဘာလို့ တစ်ယောက်ယောက်က ငါ့နာမည်ကို သိနေရတာလဲ။

သူ့လို သက်လတ်ပိုင်းလူကြီးတစ်ယောက်က ပြိုင်ပွဲဝင်ရန် အခွင့်မရှိပေ။ ထို့ကြောင့် လူငယ်တစ်ယောက်ပုံစံ မျက်နှာဖုံးစွတ်ထားခြင်းပင်။

သူ့ကို ကြည့်နေသူ အမြောက်အများရှိလေသည်။ သူ့အကြောင်းသာ ဒီနေရာမှပေါ်သွားလျှင် ဆန်းဟုန်ရော ဝူဝေ့ပါ သူ့ကို ကယ်နိုင်မည် မဟုတ်ပေ။ ထိုမျှမက ဝူအိမ်နှင့် ယွမ်အိမ်၏ အစီအစဉ်ကို ပျက်ပြားစေသောကြောင့် ပြန်ရောက်လျှင် အပြစ်ကြီးကြီး ပေးခံရနိုင်သေးသည်။

ငါ့မျက်နှာဖုံး တစ်ခုခု ဖြစ်သွားတာလား။
ဝူတိ သူ့မျက်နှာသူ ပြန်စမ်းလိုက်မိသည်။

ထိုတွေဝေနေခြင်းက တိုက်ခိုက်မှုကို ခေတ္တရပ်တန့်သွားစေ၍ ချူချူယန် ကိုယ်က အပြာရောင်နှင်းများဝန်းရံနေပြီး အရှိန်မြှင့်လိုက်သည်။ သူ့ခန္ဓာကိုယ်က မီးတောင်နှုတ်ခမ်းကို ဖောက်ထွက်၍ ဝူတိလည်ပင်းကို ဓားထောက်လိုက်သည်။

"ရှင် ရှုံးသွားပြီ" ချူချူယန် ဝူတိကို တည်ငြိမ်သော မျက်လုံးများဖြင့် ကြည့်၍ ပြောလိုက်သည်။

ဝူတိ အံ့သြသွားသည်။ သူခေတ္တ အာရုံပြောင်းသွားသော်လည်း သူ့ဓားမီးတောက်နှင့် ကီအကာအရံကို ချူချူယန် ဖောက်ထွက်နိုင်ရန် မဖြစ်နိုင်ပေ။ သို့သော် သူ့ခုခံမှုများ တစ်ခနအတွင်း ပျက်စီးသွားရသည်။

ဘယ်လိုဖြစ်သွားတာလဲ။ သူက အဆင့် ၅ မဟုတ်ဘူးလား။ ဒါက မဖြစ်နိုင်ဘူးလေ။

ထိုအချိန် ချူချူယန်မျက်နှာ ရုတ်တရက် နီရဲလာသည်။ ဝူတိတိုက်ကွက်ကို ဖောက်ထွက်ရန် လျှို့ဝှက်နည်းတစ်ခု အသက်သွင်းလိုက်ရ၍ အတွင်းဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားလေသည်။

စင်အောက်ကို လှမ်းကြည့်သော် ဇူအန် သူမကို ပြုံးကြည့်နေကြောင်း တွေ့လိုက်ရသည်။
သူ့အော်သံကြောင့်သာ မဟုတ်ရင် ငါခုနက...နေပါဦး…ဒါက တွက်ချက်လိုက်တာလား။ တိုက်ဆိုင်တာလား။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Tempat cerita menjadi hidup. Temukan sekarang