Chapter 98. ဂတိ
"အဲ့တာတွေကြောင့် ငါတို့ချူအိမ်က ဒီအချိန်မှာ သတိထားနေရမယ်။ ရန်သူတွေ ထိုးနှက်နိုက်ဖို့ ဟာကွက်တစ်ခုမှ ပြလို့မရဘူး" ချူချူယန် လေသံက စိတ်ပူတာထက် ပိုနေလေသည်။
သူတို့ကို ဦးတည်လာသော ထောင်ချောက်များကို တစ်ချိန်လုံးရှောင်ရန် မဖြစ်နိုင်ကြောင်း ချူချူယန် သိလေသည်။ သူတို့ သတိမထားမိဘဲ ထောက်ချောက်ထဲဝင်ဖို့ အချိန်အနည်းအများပင်။ သို့သော် တောင့်ခံရန်မှအပ မရှိချေ။ဇူအန် သံသယဝင်လာသည်။
"ငါ နားမလည်ဘူး။ ဘာလို့ ကြားနေ နေတာလဲ။ တစ်ဖက်ကို ရွေးလိုက်တာ ပိုမကောင်းဘူးလား။ အနည်းဆုံးတော့ ဒီလို ခက်ခဲတဲ့ အခြေအနေမျိုး မရောက်တော့ဘူးလေ"ချူချူယန် ခေါင်းယမ်းလိုက်သည်။
"အဓိကပြဿနာက နှစ်ဘက်လုံး ညီနေတာပဲ။ ဘယ်ဘက်က အနိုင်ရမယ်လို့ မသေချာဘူး။ ကျွန်မတို့သာ ဘက်မှားရွေးမိရင် ချူအိမ်က ပြဿနာအကြီးကြီးတက်လိမ့်မယ်။ ကြားနေက လက်ရှိတော့ ခက်ခဲပေမဲ့ တိုက်ပွဲပြီးတဲ့အချိန်ထိ တောင့်ခံနိုင်ရင် ရေရှည်မှာ အကျိုးများတယ်။ အနိုင်ရတဲ့ အဖွဲ့က ပြန်ကောင်းဖို့ အချိန်လိုပြီး ရန်သူမဟုတ်တဲ့ အင်အားစုတိုင်းကို ဆွဲခေါ်လိမ့်မယ်။ အနည်းဆုံး အဲ့တာက ချူအိမ်ကို ရှင်သန်ဖို့ လမ်းစပေးတာပေါ့"ဇူအန် အံ့သြသွားသည်။ နိုင်ငံရေးမှာ ကျွမ်းကျင်တဲ့လူက တကယ် အဆင့်မတူတာပဲ။ ချူကျုန်းထန်လို ရိုးသားတဲ့လူတောင် အဆင့်များစွာ ကြိုစဉ်းစားနိုင်တယ်။
အင်း ငါလည်း ပိုသတိထားသင့်တယ်။ သူတို့က အကုန်လုံး ကောက်ကျစ်တဲ့မြေခွေးအိုကြီးတွေ။ ဟမ်..ဖေးမြန့်မုန်လည်း ချူအိမ်ကို ခိုးဝင်ပြီး စာရင်းစာအုပ်ခိုးဖို့ လုပ်သေးတယ်မလား။ သူက ဘယ်ဘက်ကလဲ သိချင်မိသား....သူတို့ရထားလုံး ရုတ်တရက် ရပ်တန့်သွားသည်။ ရှေ့မှ ရုတ်ရုတ်သဲသဲ အသံများ ကြားလိုက်ရသည်။ မျက်မှောင်ကြုံ့၍ ချူချူယန် ရထားလုံးကို ခေါက်လိုက်ပြီး မေးလေသည်။
"အပြင်မှာ ဘာဖြစ်နေတာလဲ"ချူအိမ်အစောင့်တစ်ယောက်က အမြန်ပြန်ဖြေသည်။
"မမလေး ကြည့်ရတာ ရှီအိမ် ၆ ယောက်မြောက် သခင်လေး ရောက်နေတဲ့ပုံပဲ။ လူအများကြီး လမ်းမှာပြည့်နေပြီး သူ့ရထားလုံးကို ပန်းတွေ သစ်သီးတွေ ကျဲနေကြတာ။ အဲ့တာကြောင့် လမ်းက နည်းနည်း ကြပ်နေတယ်"
YOU ARE READING
ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)
Actionအင်မော်တယ် ဇူအန် (မိတ်ဆက်) Keyboard Immortal ဘာသာပြန် Action Sharp မိုးကြိုးပစ်ခံရကာ ဘဝပြောင်းသွားသော ဇူအန်...။ လပြည့်မြို့တော်၏ လူ့အန္ဓ တစ်ယောက်အဖြစ် နိုးထလာသည်။ သို့သော် စိုင်ကော်၍ ခြုံပေါ်ရောက်ဆိုသလို ချူးကလန်မှ ထိပ်တန်းပါရမီရှင်အလှပဂေးသမီးပျိုလေ...