74

384 62 0
                                    

Chapter 74.ငါဆင်းရဲဖို့ လိုတယ်

"အဆင့် ၅ ကျင့်ကြံသူကသာ သူ့ကိုသေစေချင်ရင် သူက ဘယ်လိုလုပ် အသက်ရှင်ဦးမှာလဲ" ချူတိုင်းရှန် အထင်သေးစွာပြောလိုက်သည်။

ထိုမေးခွန်းက အခန်းထဲက လူတိုင်းသိချင်လေသည်။ လူတိုင်း၏ မျက်လုံးများ သူ့အပေါ်ရောက်လာ၍ ဇူအန်ဖြည်းဖြည်းပြောလိုက်သည်။
"သူ့ဗိုက်က ရုတ်တရက်ကြီး ထနာလာတာ မဟုတ်ရင် ကျုပ်သေတာကြာပြီ"

ဗိုက်နာတာ..?

လူတိုင်း ကြောင်သွားသည်။ ဒီလို ကလေးကလားအကြောင်းပြချက်ကို မတွေးမိကြပေ။ အဆင့်၅ ကျင့်ကြံသူတစ်ယောက်က တိုက်ပွဲအတွင်း ဗိုက်နာလာလို့ သာမန်သေမျိုးတစ်ယောက်..မဟုတ်ဘူး..အဲ့ထက်အားနည်းတဲ့လူကို မသတ်လိုက်နိုင်တာက တွေးကြည့်၍ပင် မရပေ။

ချူချူယန်ကလွဲ၍ လူတိုင်းက သံသယဝင်နေသည်။
"သူလိမ်နေတယ်လို့ ကျွန်မမထင်ဘူး"

တစ်ခြားအိမ်သားများက သူ့ကို ရူးသွားတာလားဟု ဝိုင်းကြည့်ကြသည်။

ချင်ဝမ်ယွီက သူ့သမီး လက်ထပ်ထားသောကြောင့်  ဇူအန်ဘက်က လိုက်ပြောပေးတာလားဟု တွေးရင်း မျက်မှောင်ကြုံ့လိုက်မိသည်။

"စနိုးတစ်ခုခုမှားနေတာ အချိန်တစ်ခုလောက်ကတည်းက သမီးသတိထားမိတယ်။ သူဖုံးကွယ်ထားတာ ပိရိပေမဲ့ အျခိန်အကြာကြီးအတူတူ ရှိနေကြတော့ တစ်ခါတစ်လေ ပေါ်သွားတဲ့အခါမျိုးလည်း ရှိတတ်တယ်။ သူ့နောက်က ဘယ်သူညွှန်ကြားနေတာလဲ သိရအောင် ကျွန်မလျှို့ဝှက်ထားတာ"

သူမအသံက နှေးကွေး၍ တည်ငြိမ်သည်။ သို့သော်သူမ၏ သက်တောင့်သက်သာ အပြုအမူက လက်ရှိအခြေအနေအတွက် သင့်တော်နေသလိုပင်။

သူဆက်ပြောသည်။
"ဒါပေမဲ့ သူက ရှင့်ကို ဘာလို့ထိခိုက်အောင် လုပ်လဲ ကျွန်မ နားမလည်ဘူး" ဇူအန် မေး၍ ကြည့်လိုက်သည်။

"ငါလည်း နားမလည်ပါဘူး" ဇူအန် အပြစ်ကင်းစွာ ပြန်ပြောသည်။
သူက မင်းအတွက် လုပ်ပေးတာမဟုတ်မှန်းသာသိရင် အစတည်းက ဖော်လိုက်ပါတယ်။ အဲ့တာဆို ဒီလောက်အကြာကြီး သူ့နားမှာ နားကြားပြင်းကပ်ပြီး သည်းခံနေရမှာ မဟုတ်ဘူး။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now