1

3.8K 145 10
                                    

Chapter 1: ကီးဘုတ်သူရဲကောင်း

အဟွတ်..ဟွတ်..ဟွတ်...နာကျင်မှုက သူ့တစ်ကိုယ်လုံး တစ်လက်မမျှမကျန် ဆုတ်ဖြဲနေသကဲ့သို့ဖြစ်သည်။ နှာခေါင်းထဲသို့ အသားမီးလောင်ညှော်နံ့များ အလုံးအရင်း တိုး၀င်နေသည်။ နေပါဦး...ဘာတွေဖြစ်ကုန်တာလဲ...။

ဇူအန်သည် လွန်ခဲ့သည့် စက္ကန့်ပိုင်းကမှ အင်တာနက်ပေါ်မှ ဆွေးနွေးဝိုင်းတစ်ခုတွင် လူတစ်ပြုတ်ကြီးနှင့် ခံပြီး ဖင်ပိတ်ငြင်းနေခဲ့ခြင်းကို အမှတ်ရသည်။

-----

ရာသီဥတုဆိုးဝါးသောနေ့ဖြစ်၏။ မိုးသက်မုန်တိုင်းက သူ့အခန်းပြူတင်းပေါက်သို့တိုင် လာရောက်ရိုက်ခတ်နေသည်။ သို့သော် ၎င်းက ဇူဟန်၏ ဒေါမာန်ပြင်းပြင်း တဗျင်းဗျင်းရိုက်နေသော ကီးဘုတ်ပေါ်မှ လက်ချောင်းများ၏ အရှိန်အဟုန်ကို နည်းနည်းလေးမှပင် လျော့ကျမသွားစေပါ။ သူက အင်တာနက်ဆွေးနွေးဝိုင်းပေါ်မှ ကောင်တွေပြောသမျှ အကုန် ချီးဖြစ်သွားစေရန် နင်းကန် သရော်လှောင်ပြောင်နေသည်။ သူတို့အကုန် ကြက်ကြီးလည်လိမ်ထားသလို စကားလုံးတွေ နင်သွားစေရန် နည်းမျိုးစုံဖြင့် စော်ကားတိုက်ခိုက်နေသည်။ တကယ်တော့ သူက သူတို့၏ ထင်မြင်ယူဆချက်များအားလုံးကို ဖြည်းဖြည်းချင်းပြောင်းလဲသွားစေရန် ဘက်ပေါင်းစုံမှ ထွက်ပေါက်မရှိအောင် တိုက်ခိုက်နေခဲ့ခြင်းဖြစ်သည်။

ရုတ်တရက်ကြီး သူတို့ထဲမှ ဘယ်ကောင်၏ အဆဲဆုတောင်းက ပြည့်သွားသည်မသိ။ မိုးထစ်ခြုန်းသံများနှင့်အတူ မျက်စိကျိန်းမတတ် အလင်းတန်းကြီးကျဆင်းလာသည်။ ဘတ်စကက်ဘော အရွယ်လောက်ပင်ကြီးမားသော အလင်းလုံးကြီးက သူ့ပြူတင်းပေါက်မှ တည့်တည့်ကြီး၀င်ချလာသည်။
ထို့နောက်တွင်တော့ ဇူအန်တစ်ယောက် ငယ်သံပါအောင် အော်ဟစ်လိုက်သော သူ့အသံကို သူပြန်ကြားလိုက်ရသည်။ ပြီးနောက် စကားလုံးဖြင့် ဖော်ပြလို့မရသည့် ခံစားချက်ကြီး။ သူ ဝိုးတဝါးမှတ်မိနေသည်မှာ သူ့ရှေ့ရှိ ကီးဘုတ်သည် စာရိုက်နေသော သူ့လက်ချောင်းများနှင့်အတူ အငွေ့ပျံသည့်သဖွယ် ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားခြင်းပင်ဖြစ်သည်။ တဖြည်းဖြည်းနှင့် သူ့တစ်ကိုယ်လုံးပါ အငွေ့ပျံသလို ဖုန်မှုန့်များအဖြစ် ပြိုကွဲသွားပြီးနောက် အရာအားလုံး ဗလာ...။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Tempat cerita menjadi hidup. Temukan sekarang