Chapter 95.နေကြာပန်းလှိုင်း
အမွှေးမဲ့ ကြည်နူးခြင်းဘောဖြစ်ဖြစ် အကြိုစမ်းမျက်လုံးဖြစ်ဖြစ် ဆိုးဆိုးရွားရွား နာမည်များရှိသော်လည်း ကောင်းကောင်းအသုံးချပါက အရေးကြုံလျှင် အသုံးဝင်သော ပစ္စည်းများဖြစ်လေသည်။
သို့သော် ဒီဟာအတွက် လက်တွေ့အသုံးကျသောနေရာ တစ်ခုမှ ဇူအန် တွေးမရချေ။ လုပ်နိုင်သမျှက တစ်ခြားလူကို 'ငါက မင်းကိုကြည့်နေတာလေ ချီခေါင်းရ'ဟုပြန်ဖြေရုံမှအပ ဘာမှမရှိပေ။ဒီထက် အသုံးမကျသော အရာ မရှိတော့ပေ။
ဇူအန်စိတ်တွင် ရုတ်တရက်အတွေးတစ်ခုဝင်လာသည်။
ရန်သူရဲ့ အမျက်ပွိုင့်ရဖို့ လှောင်တဲ့ပညာများလား။သို့သော် မကြာခင် ထိုအတွေးကို စွန့်ပစ်လိုက်သည်။ တရားဝင်ပစ္စည်းမဟုတ်တောင် ဘာကြည့်နေတာလဲ ဟု ပြောလိုက်လျှင် လူအများစုကို ရန်စပြီးသား ဖြစ်လေသည်။
သူ့ကို အံ့သြစေသော တစ်ချက်က ဒီပညာတွင် အကြိမ်ရေ အကန့်အသတ်မရှိပေ။ တစ်ခြားပညာများက အကြိမ်ကန့်သတ်ထားလေသည်။ဒီအချက်က ဇူအန်ကို အနည်းငယ်ပျော်စေသော်လည်း ဒီပညာက ယခင်ဟာများထက် မသုံးမကျသည်က ပြင်မရသော အချက်ပင်။ သူ အောင်ပွဲခံရမလား။ ငိုရမလား မသိတော့ပေ။
သက်ပြင်းချ၍ နောက်ထပ် ကံစမ်းပြန်သည်။ နောက်ထပ် အသစ်တစ်ခုမရတော့ပေ။ ကစားသည့်အတွက် ကျေးဇူးတင်ပါသည် နှင့် ကီသီးများသာ ရပေတော့သည်။ ဒီရလဒ်ကို သူမျှော်လင့်ထားပြီးဖြစ်သည်။ တစ်ချီတည်း ပစ္စည်း သို့မဟုတ် ပညာအသစ် ၂ ခု ရရန် မဖြစ်နိုင်ပေ။
ရလာသော ကီသီးအကုန်စားလိုက်သော် သူ့တတိယအစီအရင် သုံးပုံတစ်ပုံ ပြည့်သွားသည်။ သူ့တွင်ရှိသော ကီပမာဏအရ မဟာလေပြင်းကို နှစ်ကြိမ် ဆင့်ခေါ်နိုင်လေသည်။ ယခင်က တစ်ကြိမ်ခေါ်လိုက်လျှင်ပင် သူ့ကို ကီကုန်ခမ်းသွားစေသည်။
ကြည့်ရတာ ငါ့ကျင့်ကြံမှုအဆင့်အတိုင်းလိုက်ပြီး ကီသိုလှောင်မှုကလည်း မြင့်လာတာပဲ။
ကြွက်သားထဲက အစီအရင် ၉ ခုလုံးပြည့်လာပါက သားရဲအသစ်တစ်ကောင် ထွက်လာမလား တွေးနေမိသည်။ မဟာလေပြင်းက တကယ်အားကောင်းသော နည်းတစ်ခုဖြစ်သော်လည်း သူက ပထမဆုံး သားရဲပင်။ သူ့နောက်က ပညာများက ပိုမားကောင်းမည်မှာ အသေအချာပင်။
YOU ARE READING
ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)
Actionအင်မော်တယ် ဇူအန် (မိတ်ဆက်) Keyboard Immortal ဘာသာပြန် Action Sharp မိုးကြိုးပစ်ခံရကာ ဘဝပြောင်းသွားသော ဇူအန်...။ လပြည့်မြို့တော်၏ လူ့အန္ဓ တစ်ယောက်အဖြစ် နိုးထလာသည်။ သို့သော် စိုင်ကော်၍ ခြုံပေါ်ရောက်ဆိုသလို ချူးကလန်မှ ထိပ်တန်းပါရမီရှင်အလှပဂေးသမီးပျိုလေ...