80

381 53 1
                                    

Chapter 80. တမင်သက်သက်

"ကျုပ်ဝေဒနာကို အဆင့်မြင့်တဲ့ လူတိုင်း တစ်ချက်ကြည့်ရုံနဲ့ သိနိုင်တာလား" ဇူအန် မေးမိသည်။ အဲ့လိုသာဆို သူနောက်ကို လူရှေ့ထွက်ရဲမည်မဟုတ်ပေ။

ရယ်နေရင်း ကျန်းလော့ဖူ ခေါင်းယမ်း၍ ဖြေလိုက်သည်။
"စိတ်မပူနဲ့ ငါက တစ်ခြားနေရာက သိတာ။ သူများတွေသိမှာ စိတ်မပူလည်းရတယ်"

ဇူအန် ပုခုံးပေါ်မှ ဝန်တစ်ခု ပေါ့သွားသလို ခံစားလိုက်ရသော်လည်း ဒေါသအလုံးအရင်း ဝင်လာသည်။

အဲ့ဒီအစုတ်ပလုတ် ကျီတန်ထုပဲ ဖြစ်ရမယ်။ တစ်ခြားလူနဲ့ ကလူရင်း ငါ့အခြေအနေကို ပြောလိုက်တာဖြစ်မယ်။ ဘယ်လိုတောင်လဲ။ ဆရာဝန်တွေတွေမှာ လိုက်နာရမယ့် ကျင့်ဝတ်တွေ ရှိတယ်မဟုတ်ဘူးလား။

"အဟမ်း အဟမ်း ကြည့်ရတာ ငါတို့ စကားလမ်းကြောင်းချော်သွားသလိုပဲ" အန်းတန်းတန်း ဖြစ်မှုကို ဖယ်ရှားရန် ဇူအန် မူလအကြောင်းအရာကို ပြန်သွားလိုက်သည်။
"ကျုပ်က လစာရော အကျိုးအမြတ်ရော မလိုချင်ဘူး။ ဒါပေါ့ စာလည်းသင်မှာမဟုတ်ဘူး။ ကျုပ်လိုချင်တာ ရာထူးတစ်ခုပဲ"

ကျန်းလော့ဖူ စဉ်းစားလိုက်သော်လည်း နောက်ဆုံးတွင် ခေါင်းခါလိုက်သည်။
"ဂုဏ်သတင်းကောင်းတဲ့ အဆင့်မြင့်ကျင့်ကြံသူတစ်ယောက် ငွေစ ၇သန်းခွဲလှူရင် ငါဖြစ်နိုင်ချေကို စဉ်းစားပေးလို့ရသေးတယ်။ ဒါပေမဲ့ မင်းသတင်းကို မင်းသိသင့်တယ်။ ငါသာ မင်းကို ဆရာအဖြစ်ခန့်လိုက်ရင် တံတွေးကြားထဲ ပက်လက်မျောရမှာ။ လပြည့်ဝန်းအကယ်ဒမီကလည်း ရယ်စရာတစ်ခုဖြစ်သွားမှာ။ ငါအဲ့လို မစွန့်စားနိုင်ဘူး"

သူက ခနရပ်လိုက်ပြီးမှ မတတ်သာသောအပြုံးဖြင့် ပြောလေသည်။
"မင်းက ဒီနှစ်တွေမှာ ဘာလို့ အဲ့လောက်ထင်ရာစိုင်းခဲ့တာလဲ ။ အခုတော့ မင်းကိုပဲ ပြန်အနှောင့်အယှက်ပေးနေပြီ"
ဒါပေါ့ ကျန်းလော့ဖူက ယခင်ဇူအန်ကို တကယ့်အမှိုက်ဖြစ်ကြောင်းမသိ၍ အပျင်းကြီးနေခဲ့ခြင်းဟု ထင်လေသည်။

သူမဆုံးဖြတ်ချက်က ဇူအန်ကို မအံ့သြစေပေ။ ကျန်းလော့ဖူ ငြင်းရန် ကြိုမှန်းထားပြီး တကယ့်ရည်မှန်းချက်ကို မပြောခင် အကြိုစမ်းလိုက်ခြင်းသာ။
"ကျုပ် စေတနာ့ ဆရာတစ်ယောက် မဖြစ်နိုင်ရင် မြေအောက်ဂူထဲဝင်နိုင်မယ့် နေရာတစ်ခုပေး"

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Où les histoires vivent. Découvrez maintenant