150

357 48 0
                                    

Chapter 150: တီးတိုးလေပြေ ပညာ

သူ၏ မိန်းမဖြစ်သူသည် ရန်သူများအပေါ် မလိုအပ်ဘဲ ညှာတာလွန်းသည်ဟု တွေးမိလိုက်သည်။ အနာဂတ်တွင် သူမ ဆီသို့ အပူပြန်ဟပ်မည်ဟု ခံစားချက်တစ်ခု ရှိနေသည်။ သို့သော်လည်း သူ၏ ပါးစပ်မှ ချီးကျူးသံများသာ ထွက်လာခဲ့သည်။ "ငါ့မိန်းမရဲ့ နှလုံးသာက ရွှေအစစ်နဲ့ လုပ်ထားသလိုပဲ။ ဒါကြောင့် တစ်ခြားသူတွေက နတ်သမီးလေးလို့ ခေါ်ကြတာ မဆန်းတော့ပါဘူး"

ရှောင်းရွှယ်ယင် က ဇူအန်ကို မုန်းတီးစွာ တစ်ချက်ကြည့်လိုက်သည်။ "ငါတို့ရဲ့ သခင်မလေးက နတ်သမီးတစ်ပါးပဲ။ ဒါပေမယ့် သူက နင့်လို လူမျိုးကို လက်ထပ်ခဲ့တာ တကယ်ကို နှမြောစရာပဲ။ နောက်ချေးပုံပေါ်မှာ တင်နေတဲ့ ပန်းတစ်ပွင့်လိုပဲ"

ထိုမှတ်ချက်ကို ဇူအန် ပုခုံးတွန့်ပြလိုက်သည်။ “ဆံရှည် ခါးတုတ် ပါးစပ်ပုတ် လို့ လူတွေ ပြောကြတာ အံသြစရာမရှိဘူး။ မင်းက တစ်ပုံစံတည်းပဲ။ ငါပြောပြမယ်။ နွားချေးက ပန်းတစ်ပွင့် ကို အာဟာရ ဘယ်လောက်တောင် ထောက်ပံ့ပေးသလဲ မင်းသိလား။ ငါ့အမြင်မှာတော့ နွားချေးပေါ် မှာ ပန်းရှိနေရတာကိုက ပန်းအတွက် ကောင်းချီးတစ်ခုပဲ"

"..." ရှောင်ရွှယ်ယင်း

"..." ချူချူယန်

"ဒီနေရာမှာ သခင်မလေးချူ နဲ့ လာဆုံရတာ ဘယ်လောက်တောင် တိုက်ဆိုင်တဲ့ ကံတရားလဲ"

လန်းဆန်းသော ရယ်မောသံတစ်ခု အကွာအဝေးတစ်ခုမှ ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုနေရာသို့ သူတို့ သုံးယောက် လှည့်ကြည့်လိုက်သောအခါ သူ၏ အခြွေအရံများဖြင့် လျှောက်လှမ်းလာနေသော ရှီခွန်းကို တွေ့လိုက်ရသည်။

ရှီခွန်းသည် သူ၏ ပတ်ဝန်းကျင်တွင်ရှိနေသော အပေအတေ မျက်နှာဖြင့်လူများ အကြားတွင် ထင်ပေါ်နေသည်ကို ဝန်ခံရပေးမည်။ သို့သော် သူ ပိုကြည့်ကောင်းလေလေ သူ့မျက်ခွက်ကို ဇူအန် ပိုထိုးချင်လေလေဖြစ်သည်။
ဒီကမ္ဘာမှာ ငါ့လို လူချောတစ်ယောက်ရှိနေရင် ရပြီ။ အစားထိုးဖို့ လူထပ်မရှိသင့်တော့ဘူး။

ရှီခွန်းကို မြင်လိုက်ရသောအခါ ရှောင်းရွှယ်ယင် ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူမ၏ ကျရှုံးမှုသည် သခင်လေးကို စိတ်ပျက်စေမည်ကို သူမ သိနေသည်။ သို့သော် ယခုအချိန်တွင် သူမ စိုးရိမ်နေဆုံးအရာမှာ သခင်လေးနှင့် သခင်မလေးတို့ အကြား ပဋိပက္ခတစ်ခု ဖြစ်ပွားမည်ကိုပင်။ ထိုကဲ့သို့ ဖြစ်လာပါက သူမ မည်သို့လုပ်ရမည်နည်း။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Donde viven las historias. Descúbrelo ahora