197

354 49 0
                                    

Chapter 197: ထိပ်တိုက်ရင်ဆိုင်

ခေတ္တရယ်ပြီးနောက် မိန်လိမျက်နှာ တင်းသွားသည်။
"မင်းနဲ့ စနောက်ပြီး အချိန်မဖြုန်းတော့ဘူး"

ဒီတစ်ကြိမ်တော့ လူကိုယ်တိုင် ဇူအန်ထံ ဝင်လာသည်။ ဓားကီဖြင့် ဇူအန်ကို အကြိမ်ကြိမ်မသတ်နိုင်သောကြောင့် ကိုယ်တိုင်လှုပ်ရှားရန် ဆုံးဖြတ်လိုက်သည်။

ဇူအန် ထိုမြင်ကွင်းကြောင့် ထိပ်လန့်သွားသည်။ ဘေးကိုအမြန်ရှောင်တိမ်းလိုက်ပြီး အော်ဟစ်လိုက်သည်။
"ထိုက်ဝူ မျိုးမစစ်ကောင် မင်းအခုဆင်းမလာရင် ငါမင်းကို သေအောင်ရိုက်သတ်မယ်လို့ ကျိန်တယ်"

လေထဲတွင် သတ္ထုတုန်ခါသံများပေါ်လာပြီး ထိုက်ဝူ တုန်ရီသွားသည်။ နံရံမှ ကျလာကာ ဇူအန်လက်ထဲ ရောက်လာလေသည်။
ဇူအန် အပျော်လွန်ကာ ဝင်လာသောမိန်လိထံ ဓားကို ယမ်းလိုက်သည်။

မိန်လိ လန့်ဖြန့်သွားသည်။ သူ့နဂိုအခြေအနေတွင် ဇူအန်နှင့် ထိုက်ဝူကို မကြောက်သော်လည်း လက်ရှိအားနည်းနေချိန်တွင် ထိပ်တိုက် မတွေ့ရဲပေ။

ဇူအန် သူ့လက်ထဲက ဓားကို အနီးကပ်ကြည့်ချိန်ရသွားသည်။ ဓားသွားကို လက်ဖြင့်တောက်ပြီး ကောက်ချက်ချလိုက်သည်။
"မင်းက ဘယ်လိုတောင် ယုတ်မာတဲ့ဓားလဲ။ ငါကောင်းကောင်းပြောနေတုန်းကျ မလှုပ်ဘူး။ လေသံပြောင်းပြီး ခြိမ်းခြောက်တော့မှ လှုပ်တော့တယ်"

ဝမ်..ဝမ်..ဝမ်...
ဓားက ဇူအန်ပြောသောစကားကို မကြိုက်၍ မကျေနပ်ဟန် တုန်ခါလိုက်သည်။

မိန်လိ ထိုက်ဝူဓားကို တစ်ချက်ကြည့်၍ ထိပ်တိုက်မတွေ့ရန် ဆုံးဖြတ်လိုက်သည်။
"အဲ့တာက မင်းလိုပဲ မဟုတ်ဘူးလား.။ မင်းနဲ့ ကိုက်ညီတာ မဆန်းတော့ဘူး"

"ဟေး ခင်ဗျားပါးစပ်ထဲ ထည့်ချင်ရာထည့်လို့ရတာနဲ့ ပါးစပ်က ထွက်ချင်တာ ထွက်လို့ရတာ မဟုတ်ဘူး။ ကျုပ်နဲ့တူတယ်ဆိုတာ ဘာသဘောလဲ။ ကျုပ်က ခင်ဗျားမျက်လုံးထဲ စုတ်ချာနေလို့လား" ဇူအန် အေးစက်စက် ပြောလိုက်သည်။

"အဲ့လို မဟုတ်ဘူးလား " မိန်လိ ရွဲ့ပြောသည်။
သွေးအိုင်ထဲတွင် လဲနေသော ရှောင်းရွှယ်ယင်ပင် ထိုစကားကို ခေါင်းငြိမ့်ပြသည်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Nơi câu chuyện tồn tại. Hãy khám phá bây giờ