21

488 68 0
                                    

Chapter 21: ငါ့မှာအကြံရှိတယ်

"မဟုတ်..မဟုတ်ပါဘူး" ကျီရှောင်ချီ မျက်စိလွှဲလိုက်သည်။
"ရှင် ရုပ်ဒီလောက်ချောမယ်လို့ ကျွန်မမထင်ခဲ့ဘူး" ရေထဲမှာရှိစဉ်က အရှက်လွန်၍ သတိမထားမိပေ။ အခုအချိန်မှသာ သူ့ရုပ်ရည်ကို သေချာကြည့်မိခြင်းပင်။

"အဟုတ်ပဲ ငါ့မွေးရပ်မြေမှာတုန်းက အမျိုးတွေနဲ့ သူငယ်ချင်းတွေက ဒန်နီရယ်ဝူလို့တောင် နာမည်ပြောင်ပေးထားကြတာ" ဇူအန် မိန်းမလှလေးတစ်ယောက်၏ အသိအမှတ်ပြုခံရခြင်းအား လွန်စွာ နှစ်ထောင်းအားရဖြစ်နေသည်။

ချန်ရှို့ပင်းက ချူအိမ်၏ပထမသခင်မလေး သူ့အားရွေးရခြင်းမှာ ရုပ်ရည်ကြောင့်ဟု ပြောစဉ်က မြှောက်ပင့်သည်ဟု ထင်ခဲ့ခြင်းပင်။ ကြည့်ရတာ သူ့ရုပ်ရည်သည် ဤလောက၏ အမြင်တွင် အမှန်တကယ် ချောမောခြင်းဖြစ်ပေလိမ့်မည်။

"ဘယ်သူက ဒန်နီရယ် ဝူလဲ" ကျီရှောင်ချီ မေးလိုက်သည်။

"အာ သူက ငါတို့မွေးရပ်မြေမှာ ရုပ်အချောဆုံးထဲက တစ်ယောက်ပဲ" ဇူအန် အရင်ဘဝအကြောင်းပြန်တွေး၍ ပြန်ဖြေလေသည်။

ဇူအန် သူ့၏ဟန်းဖုန်းနှင့် အင်တာနက်ကို အလွန်လွမ်းဆွတ် သတိရလေသည်။ လုပ်စရာမရှိသောဘဝသည် သူ့အားအတော်နှိပ်စက်နေသည်ပင်။

"အို" ကျီရှောင်ချီ မျက်နှာရဲလာပြီး
"ရှင်က လူကောင်းတစ်ယောက်မဟုတ်ဘူး"

"အာ…ဘာလို့လဲ" ဇူအန် အံ့သြသွားသည်။ ထိုမိန်ကလေးက အနည်းငယ်နုံအသော်လည်း သူ့ထက်တော့ အင်အားကြီးလေသည်။ သူမသာ သူ့ကိုဆန့်ကျင်လိုက်ပါက ပြဿနာအကြီးကြီးတက်ပေလိမ့်မည်။

"ရှင်ပြောတော့ ဝံပုလွေလိုက်လို့ ရေထဲမျောသွားတာဆို။ ဒီနားမှာ ဝံပုလွေခြေရာလည်း မရှိဘူး။ ပြီးတော့ ရှင့်အဝတ်တွေက ကမ်းပါးပေါ်မှာ ညီနေတာပဲ။ဒါက  ရှင် ရေထဲဆင်းတဲ့အချိန်မှာ သာသာယာယာပဲလို့ ပြတယ်။အခြေအနေက ရှင်ပြောထားတာနဲ့ တခြားစီပဲ" ကျီရှောင်ချီက မြေကြီးကိုညွှန်၍ ပြောလေသည်။ သူမက နုံအပေမဲ့ ငတုံးမဟုတ်ပေ။

ဇူအန် ရှက်ရယ် ရယ်လိုက်သည်။ နုံအတယ် ဟုတ်လား။ နင့်ဘကြီး နုံအတာလား။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Opowieści tętniące życiem. Odkryj je teraz