58

371 53 0
                                    

Chapter 58. သူက ငါ့ခန္ဓာကိုယ်ကို မက်မောနေတာ

ချူချူယန်က အစေခံတွေကို ရထားလုံးထုတ်ဖို့ မှာရန် ပြင်လိုက်သော်လည်း ဇူအန်တားလိုက်သည်။ သူ့စိတ်ထဲမှာတော့ လရောင်အောက် အပျင်းပြေလမ်းလျှောက်ခြင်းက သူတို့ခံစားချက်များတိုးပွားရန် လိုအပ်လေသည်။

ရထားလုံးနှင့်ဆို ခရီးကတိုတောင်းလွန်း၍ ရိုမန့်တစ်မဆန်တော့ပေ။ ချူချူယန် ကလည်း မငြင်းသောကြောင့် သူတို့နှစ်ယောက် လမ်းမပေါ် လက်လျှောက်ကာ ထွက်လာလေသည်။
ချူချူယန်ကြောင့် လမ်းသွားလမ်းလာများ၏ အာရုံစိုက်မှုကို မကြာခင် ရလာလေသည်။ သူမလို အလှအပနှင့် အရှိန်အဝါရှိသော မိန်းကလေးသည် ဘယ်သွားသွား အာရုံစိုက်ခံရသည်ပေ။

ဆံပင်မြှောက်စီးထား၍ ချစ်စရာကောင်းသောမျက်နှာနှင့် စနိုးသည်လည်း ကြည့်သူပေါလေသည်။
ဇူအန်ကတော့ မိန်းမလှနှစ်ဦးဘေးက အပိုသာသာပင်။ ဒါပေါ့။ သူကိုယ်တိုင်ကတော့ ထိုအမြင်ကို လက်မခံချေ။ ရှိသမျှမိန်းမတိုင်း၏ အာရုံကို သူရဲ့ ချောမော ခန့်ညားသော ရုပ်ရည်ဖြင့် ဖမ်းစားနိုင်သည်ဟု ထင်နေလေသည်။

"ကြည့်..ကြည့်လိုက်..အဲ့တာ ချူအိမ်က ပထမသခင်မလေး ပဲ"

"အိုး သူကတကယ် နတ်သမီးတစ်ပါးလို လှတာပဲ"

""သူ့ဘေးက အစေခံကလည်း ချစ်စရာလေး။ တခြားအိမ်တော်က သခင်မလေးတွေထက်တောင် ပိုလှသေးတယ်"

"ဒါပေါ့ မဟုတ်ရင် ချူမိန်းကလေးဘေးမှာ ခစားတဲ့လူပဲ"

"အိုး..ဒါဆို သူ့ဘေးကရပ်နေတဲ့ ဖားပြုတ်ကရော"

"အာ..အဲ့ကောင်က နာမည်ကြီး ချူအိမ်ရဲ့ အလကားအိမ်ပါသားမက်ဖြစ်လိမ့်မယ်။ သူ့မျက်နှာကြည့်ပါလား။ ဘာမှ ကောင်းပုံမပေါ်ဘူး"

"ချူမိန်းကလေးက တကယ်လှတယ်။ ဒါပေမဲ့ လူကြည့်တဲ့ နေရာမှာတော့ အတော်မကောင်းဘူးလို့ ပြောရမယ်"

"ချူအိမ်က ရွေးထားတဲ့သားမက်က မင်းလောက်မကောင်းဘူးလို့ ပြောချင်နေတာလား"

"ဟမ့် ငါလိုလူတောင် အဲ့ငနဲကို အသာလေး နိုင် နိုင်တယ်"

.....

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Место, где живут истории. Откройте их для себя