39

427 59 0
                                    

Chapter 39: ပန်းလိပ်ပြာ

"ကျွန်တော်မနေ့က သေချာစဉ်းစားပြီး ကျွန်တော်ကောင်းဖို့ အကယ်ဒမီကိုပို့တယ်ဆိုတာ သဘောပေါက်သွားတာ"

ထို့နောက်မှ သူတို့နှစ်ဦးနောက်တွင် ရပ်နေသော ဟုန်ရှင်းယင် ကို ဇူအန် တွေ့လိုက်သည်။ ထိုသူက ဇူအန်အကြည့်ကို စိတ်မဝင်စားဟန် ဂရုပင်မစိုက်ချေ။

ဒီကောင်က ငါ့ကို ဘာလို့ အေးစက်စက်ဆက်ဆံနေရတာလဲ။ သူ့ကို ငါ ငွေစတစ်ရာလောက် အကြွေးတင်နေတဲ့ရုပ်နဲ့။

"မင်းတော်တော် ဉာဏ်ကောင်းလာပြီပဲ" ချူကျုန်းထန်က စိတ်ပျော်နေပုံ ရလေသည်။ သူ့မုတ်ဆိတ်ကို ညင်ညင်သာသာပွတ်လိုက်ပြီး
"ချူယန်လည်း ကြားရတာ ၀မ်းသာနေမှာပဲ"

ချူချူယန် နာမည်ကြားသောအခါ ဟုန်ရှင်းယင် မျက်လုံးတွင် မနာလိုမှုများ ပေါ်လာပြီး အမြန်ပြန်ဖုံးလိုက်သည်။

ချင်ဝမ်ယွီ ဇူအန်ကို ပြုံးပြလိုက်ပြီး
"မင်း အကယ်ဒမီကိုသွားဖို့ ဆုံးဖြတ်ပြီးမှာတော့ ရှင်းယင်ကို မင်းနဲ့အဖော်လုပ်ခိုင်းလိုက်မယ်။ သူလည်း ဒီနေ့မှ စတက်မှာ။ မင်းတို့နှစ်ယောက် အချင်းချင်းစောင့်ရှောက်ရင် ကောင်းမှာပဲ။ ရှင်းယင်က ရင့်ကျက်ပြီး ဉာဏ်ကောင်းတဲ့ကလေးပါ။ မင်းသူ့ဆီက အများကြီးသင်ယူနိုင်မယ်လို့ ငါမျော်လင့်ပါတယ်"

ဟုန်ရှင်းယင်က နှိမ့်ချဟန်ဖြင့်
"သခင်မက ကျွန်တော်ကို မြှောက်လွန်းနေပါပြီ။ သူ့ကို ကျွန်တော် သေချာစောင့်ရှောက်မှုပါ"

ဇူအန် လျှာကိုက်မိမတတ်ဖြစ်သွားသည်။

အချင်းချင်းစောင့်ရှောက်ဆိုတာ ကြားကောင်းအောင်ပြောနေတာပဲ။ သူ့ကိုသုံးပြီး ငါ့ကိုမျက်စိဒေါက်ထောက်ကြည့်ဖို့ ပဲကို။ ငါကျောင်းလစ်တာကို အတော်စိတ်ပူနေပုံရတယ်။ အဖော်တစ်ယောက်ပါထည့်နေပုံထောက်တော့။

ဟုန်ရှင်းယင် ဘာလို့စိတ်တိုနေလဲသိသာတယ်။ သူက အကယ်ဒမီကိုတက်နိုင်ဖို့ အများကြီးကြိုးစားထားရတာ။ ဇူအန်ဒဏ်ရာကြောင့် သူကျောင်းတစ်ရက်ပျက်တော့မလို့။ စိတ်တိုတာ သဘာဝကျပါတယ်လေ။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Место, где живут истории. Откройте их для себя