51

399 61 1
                                    

Chapter 51. ငါ့မှာ ဘာခွန်အားရှိလဲ

"ယွမ်ဝမ်ဒုံ နဲ့ တစ်ခြားလူတွေကြောင့် အချိန်ဆွဲနေတာကြာသွားတယ်။ နေ့လည်အတန်းချိန်ရောက်တော့မှာ ငါအရင်ပြန်ပြီ" ချူဟွမ်ကျောက် ပြောသည်။

ကန်တင်းတွင် လူသိပ်မကျန်တော့ချေ။ သူမ ပါးစပ်သုတ်၍ ထရပ်လိုက်သည်။

"မင်းက ဘယ်အခန်းလဲ"ဇူအန် သိချင်စိတ်ဖြင့် မေးလေသည်။

"ငါ" ချူဟွမ်ကျောက် ထူးထူးဆန်းဆန်း စိတ်မသက်မသာဖြစ်သွားပုံပင်။အသံ နည်းနည်းတိုးသွားပြီး
"ငါက အနက်ရောင်အခန်းက"

"ရီလိုက်။ချင်ရင်လည်း ရီ ငါ့အစ်မက ကောင်းကင်ခန်းက ပါရမီရှင်တစ်ယောက် အင်အားအကောင်းဆုံးကျောင်းသားတွေထဲက တစ်ယောက်။ ငါကတော့ သူနဲ့ယှဉ်လို့မရဘူး။ အရင်တည်းက ခနခနအလှောင်ခံရပြီးသား ဘယ်လိုမှ မနေတော့ဘူး"

မမျှော်လင့်စွာ ဇူအန် ပုခုံးကိုအသာ ပုတ်၍
"မင်းတော်တော်ခက်ခဲခဲ့မှာပဲ ဟမ်။ စိတ်ပူစရာမလိုတော့ဘူး။ အခုငါက တန်းနှိမ့်ပေးလိုက်ပြီလေ။ မှတ်မိလား ငါက အဝါရောင်အခန်းက"

သူဒီလောကကို စရောက်စဉ်က လူတိုင်းသူ့အပေါ်မကောင်းတာ ဇူအန်မှတ်မိသေးသည်။ ဘိုးဘွားခန်းမမှာ အပြစ်ပေးခံရတုန်းက သူမတစ်ယောက်တည်း ဇူအန်ရှေ့က ရပ်တည်ပေးတာပင်။ ထိုကိစ္စကြောင့် စိတ်ဓာတ်ကျနေပုံကိုကြည့်၍ ဇူအန် စကားနာမထိုးရက်ပေ။

ချူဟွမ်ကျောက် ခေတ္တကြောင်သွားသည်။ ထို့နောက် ဇူအန်ကို စိုက်ကြည့်၍ တိုးတိုးပြောလေသည်။
"ကျေးဇူးပါ"

ဇူအန် ဆက်ပြောသည်။
"လူတိုင်းမှာ ခွန်အားမျိုးစုံရှိကြတာပဲ ။ မင်းရဲ့ ခွန်အားက ကျင့်ကြံမှု မဟုတ်လို့ နေမှာပေါ့"

ချူဟွမ်ကျောက် ဇူအန်စကားကြောင့် စိတ်ခံစားသွားရပြီး မျက်ရည်ဝဲလာသည်။
"ဒါဆို ငါ့ခွန်အားက ဘာလို့ထင်လဲ"

ဇူအန် သူမစကားကြောင့် ပြောစရာမဲ့သွားပြီ။
ငါက နင့်ကို နှစ်သိမ့်နေရုံပဲလေ။ တကယ်ကြီး မှတ်သွားမယ်လို့ မထင်လိုက်မိဘူး။ သို့သော် ချူဟွမ်ကျောက်၏ မျှော်လင့်တကြီးအကြည့်ကိုကြည့်၍ ဘာခွန်အားမှမရှိဘူးလို့ ပြောမထွက်ပေ။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Hikayelerin yaşadığı yer. Şimdi keşfedin