174

327 50 0
                                    

Chapter 174: ပြိုင်ဘက်ကင်းရတာ ဘယ်လောက်အထီးကျန်သလဲ

“မဟုတ်ဘူး။ ဒါက မမှန်ဘူး။ ဒီနေရာက ငါတို့ စောစောကရှိနေခဲ့ကြတဲ့ မြေအောက်နန်းတော် မဟုတ်ဘူး” ရှောင်းရွှယ်ယင်က ခေါင်းရမ်းရင်း ပြောလိုက်သည်။ သူမ၏ ကျင့်ကြံခြင်းအဆင့်သည် ဇူအန်ထက် ပိုမြင့်သောကြောင့် သူမ အာရုံခံနိုင်စွမ်းက ပိုပြင်းထန်သည်။ “ငါတို့ ခုနရှိခဲ့တဲ့ နေရာက သေခြင်းအော်ရာတွေနဲ့ ပြည့်နေတာ…ဒီနေရာမှာက အများကြီးပိုလျော့နေတယ်”

ဇူအန် သူ့ဘေးပတ်ဝန်းကျင်ကို သေသေချာချာ စစ်ဆေးကြည့်ရှုလိုက်သည်။ မြေအောက်နန်းဆောင်ကဲ့သို့ပင် အလင်းမှုန်မှုန်ရှိနေသောကြောင့် အချို့အရာများကို သူမြင်လာရသည်။ ရုတ်တရက် သူ့မျက်နှာသည် အလွန်အမင်း ရှုံ့မဲ့လာပြီး “ငါတို့က မြေအောက်နန်းဆောင်မှာ ရှိနေတာ မဟုတ်ဘူးဆို ဟိုကောင်တွေက ဘာတွေလည်း”

ရှောင်းရွှယ်ယင် သူ ကြည့်သည့် နေရာဘက်သို့ စိုက်ကြည့်လိုက်သည့်အခါ ကြောက်လန့်တကြား ဆတ်ခနဲ နောက်ပြန်ခုန်သွားမိသည်။ သူတို့နှင့် လီရာပေါင်းများစွာအဝေး၌ တာရာကိုတာစစ်တပ်တစ်ခု ရပ်နေကြသည်။ ၎င်းသည် မြေအောက်နန်းတော်တုန်းက သူတို့ ကြုံတွေ့ခဲ့ရသည့် အရာနှင့် တစ်ထေရာတည်းဖြစ်နေသည်။

“မြေကြီးအချိတ်အပိတ်၊ ဒီတာရာကိုတာစစ်သားတွေကို ရွှံ့တွေနဲ့ လုပ်ထားတာ။ သူတို့ကို မြေမြှုပ်ပြီး မြေကြီးနှင့် သွယ်ဝိုက်ချိတ်ဆက်သွားအောင် လုပ်လိုက်တာ။ သူတို့က ဒီမှာ ငါတို့ရင်ဆိုင်ရမယ့် ရန်သူတွေဖြစ်ရမယ်” ဇူအန် တိကျပြတ်သားစွာ ပြောချလိုက်သည်။

ရှောင်းရွှယ်ယင် ရုတ်တရက် တစ်စုံတစ်ခုကို စဉ်းစားမိသွားပြီး သက်ပြင်းချလိုက်သည်။ “ခုနတုန်းက နင့်ရဲ့ဓာတ်မီး ရေထဲ ကျသွားတာ တကယ်နှမျောစရာပဲ။ မဟုတ်ရင် နင်ဒီကောင်တွေကို အလွယ်တကူ ဖြေရှင်းကိုင်တွယ်ပြီး မန္တာန်ကို ဖျက်ဆီးပစ်နိုင်မှာ”

ဇူအန် နှုတ်ခမ်းထက် ပဟေဠိဆန်သော အပြုံးတစ်ခု ထွက်ပေါ်လာပြီး မှော်ဓာတ်မီးကို ဆင့်ခေါ်ထုတ်လိုက်သည်။ “မင်း ဒါကို ပြောတာလား”

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now