143

346 46 1
                                    

Chapter 143: လိုက်ဖမ်းခြင်း

ဇူအန် ဇဝေဇဝါဖြင့် သူ့မျက်လုံးကို ပွတ်လိုက်သည်။ သူ အမြင်မှားနေတာလားဟု ထင်မိ၏။ သို့သော်  သူ မမြင်နိုင်သော နေရာအကွယ်၌ ဂူပေါက်တစ်ခုခုရှိနေတာ ဖြစ်လိမ့်မယ်ဟု သူ ပြန်တွေးလိုက်မိသည်။ ထို့ကြောင့်သာ တောင်ထဲသို့ ပျောက်ကွယ်သွားကြသလိုမျိုး ထင်ယောင်ထင်မှား အဖြစ်မျိုး ဖန်တီးဖြစ်ပေါ်စေနိုင်ကြခြင်းဖြစ်သည်။

ထိုတောင်ကုန်းသည် သိပ်မကြီးပါ။ မီတာ တစ်ရာခန့်သာ မြင့်ပြီး မီတာရာချီကျော်လောက် ကျယ်ဝန်းသည်။ သို့သော် ယင်းဂူနှင့် ပတ်သက်ပြီး မူမမှန်တာ တစ်ခု ရှိနေသည်။ သဘာဝအတိုင်း ဖြစ်ပေါ်လာသည့် တောင်ကုန်းများသည် အဖုအထစ်များ ရှိတတ်ကြပြီး ကြမ်းတမ်းသည့်ပုံ ပေါက်တတ်ကြသည်။ သို့သော် ဤတောင်ကုန်း၌မူ ချောမွေ့ညီညာသော မျက်နှာပြင်ရှိနေသည်။ ၎င်းပေါ် ပေါက်ရောက်နေကြသည့် သစ်ပင်များသည်လည်း အထူးတဆန်း အစီအရီဖြင့် ပေါက်နေကြသည်။ ၎င်းသည် ဂရုတစိုက်ဖြင့် သေချာစောင့်ရှောက်ထိန်းသိမ်းသည့် ပန်းခြံတစ်ခုနှင့် ပိုတူနေသည်။

ဖုတ်စစ်တပ်များ ပျောက်ကွယ်သွားကြသည်နှင့် ဇူအန်သည် ယင်းတောင်ခြေသို့ ဂရုတစိုက်သွားပြီး ကြည့်ကြည့်လိုက်သည်။ ထိုအခါမှ သူ မှားသွားကြောင်း နားလည်သိရှိသွားသည်။ အမှန်မှာ ၎င်းသည် ဂူတစ်ခု မဟုတ်ဘဲ ထူးခြားခမ်းနားသော ကျောက်တံခါးတစ်စုံဖြစ်သည်။ ကျောက်တံခါးများနား၌ မတ်တပ်ရပ်နေကြသည့် ထူးခြားဆန်းကြယ်သော ပုံစံရှိသည့်  ကျောက်ရုပ်ကြွင်းအချို့လည်း ရှိနေသည်။ ဤလောကအကြောင်း ဗဟုသုတကင်းမဲ့မှုကြောင့် ၎င်းတို့ကို သူ မမှတ်မိနိုင်ခဲ့ပါ။

ကြည့်ရတာ ငါ ရှန်းလျို့ယီကို သွားရှာပြီး ငါ့အတွက် ညသင်တန်း ဖွင့်ပေးဖို့ တောင်းဆိုရမယ့်ပုံပဲ။

ကျောက်တံခါးများက ပိတ်ထားလျက် ရှိနေသည်ကို သတိထားမိသဖြင့် တွန်းဖွင့်ကြည့်ဖို့ ကြိုးစားလိုက်သည်။ သို့သော် သူ့လက်ဖဝါးက တံခါးနှင့် ထိတွေ့သွားလိုက်သည်နှင့် ချက်ချင်းပင် အေးစိမ့်တုန်ခိုက်မှုက သူ့လက်မောင်းထဲ ပြေးဝင်လာပြီး သူ့ကို တုန်ခိုက်သွားစေခဲ့သည်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Onde histórias criam vida. Descubra agora