144

334 49 1
                                    

Chapter 144: တစ်ချက်တည်းနဲ့ မသတ်နိုင်ဘူးဆို…

မိုင်အနည်းငယ်အကွာ, ဆရာတစ်ယောက်နှင့် ကျောင်းသားများ မိန်းမငယ်တစ်ဦးအနီးတွင် ဝန်းရံနေကြသည်။ မိန်းကလေး မျက်တောင်ခတ်လာသည်ကိုမြင်သော် အားလုံး အော်ဟစ်သွားမိသည်။

"ရှောင်ချီ မင်းနိုးလာပြီပေါ့" ပိုင်စုစု စိတ်အေးစွာ ရင်ဘတ်ကိုပုတ်လိုက်သည်။

ကျီရှောင်ချီ မျက်လုံးဖွင့်လိုက်ရင်း မှတ်ဉာဏ်များ ပြန်မှတ်မိလာသည်။

ဇူအန် သူ့အတွက် ဖုတ်ကောင်များကို မျှားခေါ်သွားကြောင်း သတိရလိုက်သည်။ ကူညီချင်သော်လည်း သူ့တွင် လုပ်နိုင်သောအရာ မရှိခဲ့ပေ။ ထို့ကြောင့် ဇူအန်မျှားခေါ်သွားသည်ကို မျက်ရည်ဝဲ၍သာ စောင့်ကြည့်ပြီး အကူအညီတောင်းရန် အမြန်ထွက်လာခြင်းပင်။

ကံမကောင်းစွာ ညအချိန်ဖြစ်နေ၍ လွင်ပြင်ထဲတွင် အန္တရာယ်များလွန်းလှသည်။ သူမ ယူလာသော နဂါးမစင်ဆေးသည်လည်း ထင်သလောက် အစွမ်းမထွက်ပုံပင်။ သားရဲများက သူမအနားမကပ်ရဲသော်လည်း ဘေးတွက်တစ်ချိန်လုံး ချောင်းမြောင်းနေကြသည်။ သူမတစ်ယောက်တည်းဖြစ်ကြောင်း သတိထားမိသွားကြပြီးနောက် သူမကိုအကဲစမ်းရန် တိုက်ခိုက်လာကြသည်။

ထို့နောက် သူမနောက်ကို လိုက်လာသော ဝံပုလွေတစ်အုပ်လည်း ကြုံရသေးသည်။ ဘယ်လိုမှ မတတ်သာ၍ ပိုင်စုစုပေးထားသော အချက်ပြကိုသာ ဖွင့်လိုက်ရတော့သည်။

ပိုင်စုစုတို့အုပ်စု အနီးတွင်ရှိ၍ ကံကောင်းစွာ ကယ်လိုက်နိုင်ခြင်းပင်။ သို့သော် တစ်ချိန်လုံးပြေးလွှားနေရသော မောပန်းမှုကြောင့် နောက်ဆုံး မေ့မျောသွားခြင်းပင်။ ယခုမှသာ သတိပြန်လည်လာခြင်းဖြစ်သည်။

"ရှောင်ချီ မင်းဘယ်လို နေသေးလဲ" ပိုင်စုစု သက်ပြင်းချလိုက်မိသည်။ သူသာတစ်ခုခုဖြစ်သွားလျှင် ကျောင်းအုပ်ကျန်း သောင်းကျန်းပေလိမ့်မည်။

"ကျွန်..ကျွန်မ ဘာမှမဖြစ်ပါဘူး။ အမြန်လေး အစ်ကို အားဇူကို ကယ်ကြဦး" ကျီရှောင်ချီ အော်ဟစ်လိုက်သည်။

ထိုအချိန်တွငိ သူမ၏ပျော့ညံ့မှုကို ကျီရှောင်ချီ တကယ်မုန်းမိသည်။ အရေးကြီးသောအချိန်တွင် ဘယ်လိုလုပ် သတိမေ့သွားရသလဲ။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Hikayelerin yaşadığı yer. Şimdi keşfedin