Chapter 157: အန္တရာယ်ကြားတိုး၀င်ခြင်း
ရှီခွန်း ကြောင်သွားသည်။
သူမနိုင်နိုင်လို့ သေကြောင်းကြံစည်နေတာလား။ ဒါပေမဲ့ ဒါလည်း ငါသဘောကျတာပဲ။သူ့နောက်လိုက် အဆင့် ၄ ကျင့်ကြံသူ နှစ်ယောက်လည်း စိတ်အေးသွားသည်။ အမှန်အတိုင်းပြောရလျှင် ဇူအန်ကို မရင်ဆိုင်ချင်ပေ။ ဇူအန်က အဆင့် ၃သာ ရှိသေးသော်လည်း ရင်ဆိုင်ရခက်ပြီး ထူးခြားသော နည်းလမ်းများ ရှိနေသေးသည်။
ဇူအန်ရင်ခွင်ထဲမှ ချူချူယန် မျက်နှာပေါ် သွေးစက်များကျလာသည်ကို ခံစားလိုက်ရသည်။ မယုံနိုင်စွာ မျက်လုံးပြူး၍ မေးလိုက်သည်။
"နင်..နင်ဘာလုပ်နေတာလဲ"ဘာလို့ သူ့ကိုယ်သူ ပြန်ထိုးလိုက်ရတာလဲ။ ငါ့ကို မကယ်နိုင်လို့ အတူတူသေမလို့လား။
ရှောင်းရွှယ်ယင် နှင့် နှစ်များစွာ အတူတူရှိလာခဲ့ခြင်းကြောင့်လားမသိ။ အတွေးတူတူဖြစ်နေသည်။ချူချူယန် မျက်နှာတွင် အနီရောင်သန်းလာပြီး ပြောလိုက်သည်။
"နင်ဒီလိုလုပ်ဖို့ မလိုပါဘူး။ ငါတို့က.."သူ့စကားမဆုံးခင် ဇူအန် ဖြတ်ပြောလိုက်သည်။
"ငါတို့ ချစ်စကားတွေ နောက်မှပြောလို့ရတယ်။ အခုတော့ မုန်းစရာကောင်းတဲ့ ဒီကောင်တွေကို အရင်သတ်ပါရစေဦး"ချူချူယန်ကို လက်တစ်ဖက်ဖြင့် ဆွဲထူလိုက်ပြီး တစ်ဖက်မှ ဓားကိုင်ကာ အော်လိုက်သည်။
"ငါ့ တားမြစ်ကျင့်စဉ်ကို မြည့်ကြည့်ကြစမ်း။ ဓားတစ်သောင်းရဲ့ အပြန်လမ်း"လူတိုင်းက ဇူအန် အပြုအမူကြောင့် ဝေဝါးနေစဉ် ရုတ်တရက်အော်သံကြောင့် လန့်ကာ နောက်ဆုတ်လိုက်မိကြသည်။ ချူချူယန်၏ တားမြစ်ကျင့်စဉ်ကို မျက်မြင်တွေ့လိုက်ရ၍ တားမြစ်ကျင့်စဉ်ဆိုသော စကားကို သတိထားနေကြခြင်းပင်။
ဇူအန်၏ ထူးခြားသော စွမ်းရည်များနှင့် အားကောင်းသော ဟိတ်ဟန်ကြောင့် ရှီခွန်းပင် အခြေအနေကို ဆုံးဖြတ်ရန် နောက်တစ်လှမ်းဆုတ်လိုက်မိသည်။
လူတိုင်းက ဇူအန်ကို သတိထားစောင့်ကြည့်နေစဉ် ဇူအန် ဓားကို လွှတ်ချကာ ချူချူယန်ကို ကောက်ပွေ့ပြီး ထွက်ပြေးသွားလေသည်။
VOCÊ ESTÁ LENDO
ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)
Açãoအင်မော်တယ် ဇူအန် (မိတ်ဆက်) Keyboard Immortal ဘာသာပြန် Action Sharp မိုးကြိုးပစ်ခံရကာ ဘဝပြောင်းသွားသော ဇူအန်...။ လပြည့်မြို့တော်၏ လူ့အန္ဓ တစ်ယောက်အဖြစ် နိုးထလာသည်။ သို့သော် စိုင်ကော်၍ ခြုံပေါ်ရောက်ဆိုသလို ချူးကလန်မှ ထိပ်တန်းပါရမီရှင်အလှပဂေးသမီးပျိုလေ...