Chapter 128: သေဆုံးမှုသဲလွန်စ
ဇူအန် တွေဝေသွားသည်။ သူ့ကဲ့သို့ ဥပဒေ လိုက်နာသော ပြည်သူတစ်ဦးသည် တစ်နေ့တွင် ရဲမက်များ၏ ဖမ်းဆီးခြင်းကို ခံရလိမ့်မည်ကို တစ်ခါမျှ မတွေးခဲ့ဖူးပေ။
ငါ့ရဲ့ ပြစ်မှုတွေ အတွက် တရားစီရင်တာလား။ ဘာပြစ်မှုတွေလဲ။သူသည် အခြေအနေ၏ လွှမ်းမိုးမှုကို ခံနေရဆဲအချိန်တွင် ရဲမက်များက သူ၏ လက်များကို နောက်ပစ်ကာ သတ္တုလက်ထိတ် တစ်စုံဖြင့် ချည်နှောင်ထားလိုက်ကြပြီဖြစ်သည်။ သူသည် ချူမိသားစု အစောင့်များ ၏ ကာကွယ်ပေးခြင်းကို ခံထားရသောကြောင့် ရဲမက်များ၏ အလွယ်တကူ ခေါ်ဆောင်ခြင်းကို မခံရသည်မှာ ကံကောင်းလှသည်။ အထူးသဖြင့် ယမန်နေ့က သူ၏ ပိုက်ဆံများကို လက်ခံထားပြီး၍ဖြစ်သည်။
“ဇူအန် ဖမ်းဆီးမှုကို ခုခံဖို့ ကြိုးစားနေတာလား” ရဲမက်ခေါင်းဆောင် က အေးစက်စွာ မေးလိုက်သည်။
နောက်ဆုံးတွင် ဇူအန်သည် သူ၏ အတွေးများမှ နိုးလာသည်။ဤကမ္ဘာတွင် အချိန်တစ်ချို့ ရှိနေပြီးနောက် တော်ဝင်ရုံးတော် မည်မျှ အာဏာစက် သက်ရောက်မှုရှိကြောင်းကို သူ နားလည်သဘောပေါက်ခဲ့သည်။ ယခုကဲ့သို့သော လမ်းကြောင်းအတိုင်း ကိစ္စများကို ရှေ့မဆက်ချင်နေပေ။ ထို့ကြောင့် ရှေ့သို့ ခြေလှမ်းလိုက်ကာ ချူကလန်၏ အစောင့်များကို အရင်ဆုံး တားလိုက်သည်။ “မင်းတို့တွေ အနည်းဆုံးတော့ ငါ့ကို အကြောင်းပြချက်တစ်ခု ပေးသင့်တယ်။ မျှတမှုမရှိဘဲနဲ့တော့ ငါ့ကိုယ်ငါ အဖမ်းခံခွင့် မပြုသင့်ဘူးမဟုတ်လား”
“အဲ့ဒီကိစ္စကို ဘယ်သူမှ မသိစေချင်ရင် အစကတည်းက မင်း မလုပ်ခဲ့သင့်ဘူး” ရဲမက်ခေါင်းဆောင် က တစ်ဘက်ကို လက်ညိုးထိုးပြလိုက်သည်။ “ အဲ့ဒါကို မင်းကြားရတယ်မလား”
ဇူအန် ခေါင်းလှည့်လိုက်သည်။ သူ မြင်တွေ့လိုက်ရသော အရာကြောင့် ထိတ်လန့်သွားသည်။ လူအုပ်ကြီးတစ်စုသည် မကျေနပ်သော မျက်နှာများရှိကာ သူ့၏ အရပ်ဆီသို့ ဒေါသတကြီး ပြေးလာနေသည်။
“လူသတ်သမားတွေ...ပြစ်ဒဏ်ခံရမယ်”
“ချူမိသားစုက ပြည်သူတွေကို ဖိနှိပ်ပြီးတော့ သူတို့ သားမက်ရဲ့ မကောင်းမှု ဒုစရိုက်တွေကို ဖုံးကွယ်ပေးထားတယ်”
ŞİMDİ OKUDUĞUN
ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)
Aksiyonအင်မော်တယ် ဇူအန် (မိတ်ဆက်) Keyboard Immortal ဘာသာပြန် Action Sharp မိုးကြိုးပစ်ခံရကာ ဘဝပြောင်းသွားသော ဇူအန်...။ လပြည့်မြို့တော်၏ လူ့အန္ဓ တစ်ယောက်အဖြစ် နိုးထလာသည်။ သို့သော် စိုင်ကော်၍ ခြုံပေါ်ရောက်ဆိုသလို ချူးကလန်မှ ထိပ်တန်းပါရမီရှင်အလှပဂေးသမီးပျိုလေ...