15

535 66 0
                                    

Chapter 15: မက်မွန်ပွင့် ၁၂

"သူတို့ရဲ့ ကြမ်းတမ်းတဲ့စိတ်ကြောင့်လား" ဇူအန် ခန့်မှန်းလိုက်သည်။

ချန်ရှို့ပင်း သက်ပြင်းချလိုက်သည်။
"ဘာလို့လည်း ဆိုတော့ သူတို့က အနောက်ဘက်ကနေ ဖင်ကို ကိုက်ဆွဲရတာသဘောကျလို့ပဲ။ သူတို့ရဲ့ ချွန်ထက်တဲ့ သွားစွယ်တွေ အသားထဲစိုက်ဝင်ပြီးတာနဲ့ ပြန်မလွှတ်တော့ဘူး။ သူတို့က အကုန်လုံးကို ဆွဲရမ်းလိုက်လိမ့်မယ်။ ဘာဖြစ်သွားမှန်းမသိခင်မှာပဲ အူလမ်းကြောင်းနဲ့အင်္ဂါတွေ မြေကြီးပေါ်ပြန့်ပြီးသားပဲ။"

"ဟေ့ မင်းပြောစရာရှိတာပြော ငါ့ကို ဟိုကိုင်ဒီကိုင်မလုပ်နဲ့ "
ဇူအန် သူ့လက်ကို နောက်ကိုကာ၍ ပြောလိုက်သည်။ သူသည် ချန်ရှို့ပင်းကို ပိတ်မကန်မိစေရန် ထိန်းထားရလေသည်။

ချန်ရှို့ပင်း ရယ်လိုက်သည်။
"ဒီအစေခံက သခင်လေးအတွက် စိတ်ပူလို့ပါ။ အဲ့ကောင်တွေက သခင်လေးရဲ့ဖင်ကို ဆွဲမှာမလို့ ဖင်ကွဲဝံပုလွေလို့ ခေါ်ကြတာ။ ပြီးတော့ သူတို့က အုပ်စုဖွဲ့နေတတ်ပြီး အကြီးအကျယ် ရန်လိုတတ်တဲ့အကောင်တွေလေ။အင်အားကောင်းတဲ့ ကျင့်ကြံသူတွေတောင် ထိပ်တိုက်မတွေ့ရဲဘဲ သူတို့ကိုတွေ့ရင် ရှောင်သွားကြတယ်။ "

ဇူအန် တင်ပါးဆုံမှ ချမ်းစိမ့်လာသလိုပင်။ သူက ချောင်းဟန့်လိုက်ပြီး
"ငါက အဲ့လို ရွံစရာကောင်းတဲ့ဟာတွေနဲ့ ပတ်သက်လိမ့်မယ်လို့ မင်းထင်လို့လား"

ချန်ရှို့ပင်း ဇူအန်ကို သံသယမျက်လုံးများဖြင့် ကြည့်လိုက်ပြီး သခင်လေး၏ ကောလဟလများကို ပြန်သတိရလိုက်ပြီး စိတ်သက်သာသွားရသည်။
"လုပ်မယ့်ပုံလည်း မပေါ်ဘူး ထင်ရတာပဲ"

ဇူအန်က ချန်ရှို့ပင်း မျက်လုံးထဲမှ လှောင်ရိပ်များကို မြင်လိုက်သော်လည်း လွှတ်ထားရန် ဆုံးဖြတ်လိုက်သည်။
"အိမ်တော်ကိုအရင်ပြန်လိုက်။ မှတ်ထား ငါဒီကိုလာဖူးတာ ဘယ်သူ့ကိုမှ မပြောနဲ့နော်"

ကျီမိန်းကလေး မရှိမည့်အတူ ဆက်နေရန် အကြောင်းအရင်း ချန်ရှို့ပင်း မရှိချေ။
အိမ်တော်ပြန်ပြီး မမစနိုးပြန်ရောက်ပြီလား သွားကြည့်တာ ပိုကောင်းပါတယ်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Tahanan ng mga kuwento. Tumuklas ngayon