34

422 64 0
                                    

Chapter 34: ဖောက်ထွင်းဝင်ရောက်ခြင်း

အသံပိုင်ရှင်မရောက်ခင်ပင် အသံက ဟိန်းထွက်လာသည်။ သူက တခြားလူမဟုတ်-ချူအိမ်သခင်မ ချင်ဝမ်ယွီ ပေ။ အခန်းထဲရောက်သည်နှင့် သူမက ဇူအန်ကို မျက်စောင်းခဲလိုက်သည်။

သင်သည် ချင်ဝမ်ယွီ ထံမှ အမျက်ပွိုင့် ၄၇၈ ရယူလိုက်သည်။

ဇူအန် ကြောက်လန့်၍ နှလုံးပေါက်ကွဲမတတ်ပင်။ ငါကျောင်းပြေးတာ သူဘယ်လိုသိလဲ။
ချက်ခြင်းလိုလိုပင် ဇူအန် ချင်ဝမ်ယွီ နောက်ရှိ ချန်ရှို့ပင်းကို မြင်လိုက်ပြီး ဒေါသငယ်ထိပ်ထိ တက်လာသည်။

ဒီမျိုးမစစ်လေးတော့ အတိုင်အတောထူတာပဲ။

"ကျုပ် အကယ်ဒမီကို မသွားချင်ဘူး" ချင်ဝမ်ယွီ၏ မျက်စောင်းကိုတု၍ ဇူအန် ထပြောလိုက်သည်။ ချူအိမ်တွင် နေနိုင်ရန် မဖြစ်နိုင်လျှင်ပင် ကျုပ်အတွက်ကိုယ် ပြောမှ ရလေမည်။

"အဲ့တာက နင်ဆုံးဖြတ်ရမှာ မဟုတ်ဘူး" ချင်ဝမ်ယွီ အော်လိုက်သည်။ သူမ၏ အေးစက်သောမျက်နှာက ဇူအန်ကို သွေးကို ခဲစေလောက်သည်။
"နင်မနက်ဖြန်ကစပြီး ရှိတာကောင်းလိမ့်မယ်။ နင့်ကို စောင့်ကြည့်ဖို့ လူလွှတ်ထားမှာ။ နောက်တစ်ခေါက်လုပ်ရဲလုပ်ကြည့်။မဟုတ်ရင် ငါ့အဆိုးမဆိုနဲ့ "

ချင်ဝမ်ယွီ အခန်းထဲမှ ချာခနဲ ပြန်လှည့်သွားသည်။ ထိုကိစ္စကို အလွယ်တကူ မပြီးချင်၍ နောက်လှည့်ပြီး အမိန့်ပေးလိုက်သည်။
"တွေးတောခြင်းခန်းမကိုသွားပြီး ချူအိမ်စည်းကမ်းကို အခါတစ်ရာရေး ၊ တစ်လုံးမှမကျန်စေနဲ့ ငါပြန်စစ်မှာ"

"အိမ်စည်းကမ်း?" ဇူအန် မျက်နှာမည်းသွားသည်။ ရှေးဟောင်းဇာတ်လမ်းများထဲက ဇာတ်ကွက်မျိုး သူကြုံလိမ့်မည်ဟု ဇူအန် မထင်ထားပေ။

ဇူအန်၏ ကံဆိုးမှုကို ချန်ရှို့ပင်း ပျော်မွေ့နေသည်။ သို့သော် သူ့လုပ်ရပ်သည် ချင်ဝမ်ယွီ၏ မျက်လုံးမှ မလွတ်ချေ။ ချန်ရှို့ပင်းကို အေးစက်စက် ကြည့်၍
" မင်းရဲ့သခင်ကို ကျောင်းပြေးစေတာ မင်းတာဝန် ကျရှုံးတာပဲ။ ဒါကို မရှက်ဘူးလား။ အဲ့တာဆို နင်လည်း သူနဲ့အတူ အိမ်စည်းကမ်းကိုရေး"

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Où les histoires vivent. Découvrez maintenant