147

349 50 0
                                    

Chapter 147: မှော်ဓါတ်မီး

ရှောင်လွှဲမရသော လှံချက်ကိုမြင်သော် ဇူအန် ရုတ်တရက် အော်လိုက်သည်။
"ဘာကြည့်နေတာလဲ"
တစ်ချိန်တည်းမှာပဲ ကျားကျန်းကျီထံ ဓားမြှောင်ပို့လိုက်သည်။

"မင်းကိုကြည့်နေတာလေ ချီးခေါင်းရဲ့"
ကျားကျန်းကျီ ကြောင်သွားသည်။ နောက်ဆုံးတော့ အိမ်တော်ပြိုင်ပွဲတွင် ယွမ်ဝမ်ဒုံ ဘာ့ကြောင့် ပြန်ဖြေမှန်း နားလည်သွားသည်။ ဇူအန် လျှာစွမ်းက လက်နက်အနေဖြင့် သုံးလို့ရနိုင်သည်အထိ အဆင့်မြင့်နေခြင်းပင်။

သို့သော် နောက်ကျသွားပြီ။ ဓားမြှောင် သူ့ရင်ဘတ်ကို စိုက်သွားခြင်းအား ကြည့်၍ မျက်လုံးမှိတ်လိုက်မိသည်။
သေစမ်း ဒါက ဘယ်လိုဖြစ်ကုန်တာလဲ

သင်သည် ကျားကျန်းကျီ ထံမှ အမျက်ပွိုင့် ၁၀၂၄ ရယူလိုက်သည်။

ထိုအချိန်တွင် ဇူအန်လည်း သက်သာမနေပေ။ ကျားကျန်းကျီ အာရုံပြောင်းခြင်းက သေစေနိုင်သည့်နေရာကို ရှောင်နိုင်လိုက်သော်လည်း ရင်ဘတ်တွင် လှံချက်တစ်ခု မိသွားသေးသည်။

အားစိုက်ပြီး ကျန်းလျှို့မန်လက်များကို ဖြုတ်ချလိုက်သည်။ ထို့နောက် ကျားကျန်းကျီထံသွားကာ အဆိပ်ပြင်းတန်ဆာကို ပြန်နှုတ်ယူလိုက်သည်။ နှစ်ယောက်လုံးသေသွားတာ သေချာမှ စိတ်အေးသွားရသည်။
ဒါက ပထမဆုံးကြုံဖူးသော အသေအကြေတိုက်ပွဲ မဟုတ်သော်လည်း အလုပ်အရှုပ်ဆုံးတိုက်ပွဲပင်။

ဒီလိုကံကြမ္မာမျိုးကြုံရဖို့ ငါက ဘာအဖြစ်တွေ လုပ်ခဲ့မိပါလိမ့်..အား..ငါ့ရဲ့ အဲကွန်းခန်းထဲမှာ ကိုလာလေးသောက် ဂိမ်းလေးဆော့နေရရင် ဘယ်လောက်ကောင်းမလဲ။ ဒီလောကထဲ ရောက်လာပြီး ဘာလို့ အသေအလဲ အသက်ရှင်ဖို့ ကြိုးစားနေရတာလဲ။

ဇူအန် အသက်ပြင်းပြင်းရှိုက်၍ မြေပေါ်လှဲလိုက်သည်။ အချိန်တစ်ခုကြာမှ ခန္ဓာကိုယ်တွင် အားပြန်ပြည့်လာတော့သည်။ သက်ပြင်းချ၍ သူ့ဒဏ်ရာသွေးတိတ်ရန် ဆေးလိမ်းလိုက်သည်။

ကျင့်ကြံသူတစ်ယောက်၏ခန္ဓာကိုယ်က ကိုယ်ခံအားအရမ်းကောင်းလို့ တော်သေးသည်။ သူ့အရင်ဘဝသာဆို ဒီလို ရင်ဘတ်ကိုထိုးမိရင် ဆေးရုံမရောက်ခင် အရင်သေသွားလောက်ပြီ။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Tempat cerita menjadi hidup. Temukan sekarang