64

373 58 0
                                    

Chapter 64.ထိပ်ဆုံး

စနိုးက အရက်မသောက်သော်လည်း ဇူအန်၏သတင်းက သူ့ကို ဝမ်းသာအားရဖြစ်စေ၍ အလိုလို မေချောက်ဖုန်း ကမ်းပေးသည်ကို ယူလိုက်မိသည်။
"ရှင့်ရဲ့ အကူအညီတွေအတွက် ကျေးဇူးတင်ပါတယ်။ သခင်လေးနား ရောက်သွားတာနဲ့ ရှင့်အတွက် စကားကောင်း ပြောပေးပါ့မယ်"

မေချောက်ဖုန်း စိတ်ပါလက်ပါ ရယ်လိုက်သည်။
"ဟုတ်တယ်။ ကျုပ်တို့ရဲ့ ပူးပေါင်းခြင်း သာယာချောမွေ့ပါစေ"

သူတို့နှစ်ယောက် ခွက်တိုက်၍ အောင်ပွဲခံနေသည်ကို မြင်ပြီး ဂိုဏ်းသားက သူ့စကားများကို အထင်လွဲသွားကြောင်း သိလိုက်လေသည်။ မျက်ရည်လည်နေသော အသံဖြင့် တုန်လှုပ်စွာ ရှင်းပြသည်။

"ခေါင်းဆောင် ငွေစ ၇ သန်းခွဲ ရှုံးတာ ဇူအန် မဟုတ်ဘူး။ ကျွန်တော်တို့ က ရှုံးသွားတာ"

မေချောက်ဖုန်းက အောင်ပွဲခံနေတုန်း ထိုစကားများ ကြားလိုက်ရသည်။ သူများအသက်နှုတ်ယူစဉ်ကပင် မတုန်ခဲ့သော သူ့လက်များ တုန်ယင်လာရသည်။
သူကိုင်ထားသော အရက်ခွက် မြေပေါ်ငို့ လွတ်ကျသွားပြီး အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားလေသည်။

စနိုးလည်း တစ်ခုခုလွတ်သွားသလိုပင်။ သူမအိပ်မက်ထဲပင် ဤအခြေအနေမျိုး မမက်ခဲ့ဖူးပေ။

"ထပ်ပြောလိုက်စမ်း" မေချောက်ဖုန်း မျက်နှာအနေအထား ကြောက်စရာကောင်းလာသည်။ သူ့ကျင့်ကြံမှုအဆင့်အရ နားကြားလွဲရန် မဖြစ်နိုင်ပေ။

သူ့ဂိုဏ်းသားများတင်ပြမှုကို နှစ်ကြိမ်တစ်ခါမှ မမေးဖူးသော်လည်း ဒီတစ်ကြိမ်သတင်းကို မယုံနိုင်သောကြောင့် ထပ်မေးလိုက်ခြင်းပင်။

"ဇူအန်က ငွေချိတ်လောင်းကစားရုံမှာ ငွေစ ၇ သန်းခွဲအနိုင်ရသွားတာ။ ဆရာ ၇ ကလည်း မေ့သွားပြီး လောင်းကစားရုံက ညီအစ်ကိုတွေလည်း မကြံတတ်တော့ဘူး။ ခေါင်းဆောင် အခြေအနေကို ထိန်းဖို့ အဲ့ဒီကို အမြန်သွားရပါမယ်"

မေချောက်ဖုန်း မလှုပ်ရှားနိုင်တော့ချေ။
ငွေစ ၇ သန်းခွဲ ။ အဲ့တာ ဘယ်လောက်တောင် များလိုက်တဲ့ ငွေလဲ။
မက်မွန်ပွင့်ဂိုဏ်းကို မတွက်နှင့်။ အနီးအနားက ပြည်နယ်တွေ ပေါင်းလျှင်ပင် အဲ့လောက် ပမာဏ မရနိုင်ပေ။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Donde viven las historias. Descúbrelo ahora