13

553 63 0
                                    

Chapter 13: နတ်ဆေးဆရာ ကျီ

သို့သော် အငယ်ကောင်အကြောင်း တွေးမိသည်နှင့် ဇူအန်မျက်နှာ မည်းသွားသည်။ သူ့ခန္တာကိုယ်သည် မိန်းမလှလေးတစ်ယောက် သူ့ရင်ခွင်ထဲ ပစ်ဝင်လျှင်ပင် ဘာမှလုပ်မရအောင် ကျိန်စာမိနေလေသည်။
လောင်မိုင်၏ စကားများကို သတိရ၍ မေးလိုက်သည်။
"ရှို့ပင်း မင်း မာစတာအဆင့်ဆိုတာနဲ့ ရင်းနှိးလား"

"ကျိုးပြည်က လူတိုင်းသိတယ် သခင်လေးက မသိဘူးလား" ချန်ရှို့ပင်း ဇူအန်ကို သရော်တော်တော်ကြည့်သည်။

ဇူအန် နင်သွားမတတ်ပင်။ သူမြန်မြန်ပြန်ပြောလိုက်သည်။
"ဒါပေါ့ သိတာပေါ့ ငါကမင်းကိုစမ်းကြည့်ရုံပါ"

"သိပြီ" ချန်ရှို့ပင်း သဘောပေါက်သွားသည်။
" မာစတာအဆင့်တွေက အပြင်လောက က ကီအရိုင်းတွေကို ကိုယ်တွင်းကိုစုပ်ယူနိုင်ပြီး လေပေါ်ပျံနိုင်ကြတယ်။ သူတို့က ဒီလောကမှာတော့ အထွဍ်အထိပ်တွေပဲ"

ဇူအန် ကြားရသည်ကို အံ့အားသင့်သွားသည်။
"လပြည့်မြို့မှာ ဘယ်နှစ်ယောက်ရှိလဲ"

"ဘယ်နှစ်ယောက်လဲ ဟုတ်လား" ချန်ရှို့ပင်းက ဇူအန်ဟာသပြောသည်အထင်ဖြင့် ရယ်လိုက်သည်။
"တစ်ယောက်မှမရှိဘူး"

"ဘယ်လို" ဇူအန် ကြောင်သွားသည်။
သူ့အတွက်တော့ လပြည့်မြို့သည် အတော်ကြီးသော မြို့တစ်ခုပင်။ ဘယ်လိုလုပ် မာစတာတစ်ယောက်မှ မရှိရသလဲ။

"လပြည့်မြို့ကိုအသာထား လင်ချွမ်းပြည်နယ်တစ်ခုလုံးတောင် တစ်ယောက်ရှိပါ့မလားပဲ" ချန်ရှို့ပင်း ပြောလေသည်။
"သခင်လေးလည်း သိပါတယ် ကျိုးပြည်မှာတောင် မြို့တော်ဝန်သုံးဦး၊တပ်မှူးချုပ်ကြီး၊ မြင်းပျံစစ်သူကြီးနဲ့ ဘုရင်တစ်ချို့လောက်ပဲ မာစတာအဆင့်ရှိကြတာ။ လပြည့်မြို့မှာ ဘယ်လိုလုပ်တစ်ယောက်ရှိနိုင်မှာလဲ"

ချန်ရှို့ပင်းက လူတစ်ယောက်၏ကျင့်ကြံစဉ်ကိုလိုက်၍ ရာထူးဂုဏ်သိမ်မည်သို့ တက်သွားကြောင်းအသေးစိတ် ရှင်းပြသည်။ ဇူအန်နားထောင်လေလေ ပို၍ရှော့ခ်ရလေလေပင်။

လောင်မိုင်က ငါ့ကိုကစားနေတာပဲ။ မာစတာအဆင့်ကဒီလောက်နည်းတာ ကီးဘုတ်အကူအညီပါရင်တောင် အဘိုးကြီးအရွယ်မှ မာစတာအဆင့်ရောက်မယ်ထင်တာပဲ။ သူက ငါ့ဝှက်ဖဲကိုတောင်မသိဘဲ ငါမာစတာအဆင့်ရောက်နိုင်တယ်လို့ ဘယ်ကနေ ယုံကြည်မှုတွေရနေတာလဲ။
ဇူအန်စိတ်ထဲမှ သွေးအန်နေတုန်း ချန်ရှို့ပင်းက သူ့အား ငနုံငအတစ်ယောက်ပမာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Opowieści tętniące życiem. Odkryj je teraz