Chapter 180: နှလုံးကိုလွှမ်းမိုးတဲ့ နဂါးချက်မနက္ခတ်
ရွာက အိမ်ထောင်စု ဆယ်စုကျော်သာရှိပြီး သိပ်မကြီးပေ။
ရွာပတ်လည်ကို သူတို့လှည့်လည်ကြည့်ပြီးချိန်တွင် ညမှောင်သွားလေပြီ။ လယ်ထဲမှ ယောက်ျားသားများအိမ်ပြန်ရောက်နေပြီး ဟိုနား သည်နားမှ ရယ်သံများကြားနေရသည်။ ဒါပေါ့ ညစာစားချိန်ရောက်ပြီဖြစ်သောကြောင့် ဟိုမှသည် ဟင်းနံ့များမွှေးပျံ့နေသည်။
ဘယ်လိုပဲဖြစ်စေ ရှေးခေတ်ကျေးလက်တောရွာ အစစ်ပင် ဖြစ်လေသည်။
ဇူအန်နှင့် ရှောင်းရွှယ်ယင်တို့ သဲလွန်စ ရလိုရငြား ရွာထဲမှစကားဝိုင်းများကို ချောင်းနားထောင်လိုက်သည်။
"ဟင်…ဟိုနားက ထူးဆန်းတဲ့ အသံတစ်ချို့ကြားတယ်" ရှောင်းရွှယ်ယင် ဇူအန်လက်ကို ဆွဲ၍ အိမ်တစ်အိမ်ထံ သွားလိုက်သည်။
မကြာခင် အိမ်နားရောက်သော် ထူးဆန်းသောအသံများကို အမှန်ပင်ကြားလိုက်ရသည်။ ကုတင်လှုပ်သံ။ ခနနေတော့ ယောက်ျားတစ်ယောက်နှင့်မိန်းမတစ်ယောက်၏ ကလူသံများ...
ရှောင်းရွှယ်ယင် မျက်နှာရဲသွားပြီး ရှက်ကိုးရှက်ကန်း ပြောလိုက်သည်။
"ဒီလောက်အချိန်အစောကြီး လုပ်ရအောင် ဘယ်လောက်တောင် ဆာနေကြလဲ""မင်းက ချမ်းသာတဲ့ဘဝကို နေသားကျပြီး လူဆင်းရဲတွေအကြောင်း ဘာမှမသိဘူး။ သူတို့အများစုက ရေနံဆီဖိုးမတတ်နိုင်ဘူး။ မင်းက သူတို့နေဝင်ပြီးရင် ဘာလုပ်မယ်ထင်နေတာလဲ"
ရှောင်းရွှယ်ယင် နားပိတ်၍ လှောင်လိုက်သည်။
"ဒီစကားမျိုးကို ပညာရှင်ကျကျ လာပြောနေတယ်။ တော်ပြီ။ တစ်ခြားအိမ်သွားရအောင်""အာ..ဒါက ငါ့ကို ပဟေဠိတစ်ခု သတိရသွားစေတယ်။ မင်းစမ်းကြည့်ချင်လား" ဇူအန် မေးလိုက်သည်။
"ဘာပဟေဋိလဲ။ ပြောပြကြည့်"ရှောင်းရွှယ်ယင် သူ့ကိုယ်သူ ဉာဏ်မကောင်းဘူးဟု မယုံပေ။ ထို့အပြင် ကြားနေရသော အသံများကြောင့် အန်းတန်းတန်း ဖြစ်နေသေး၍ စမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။
"နတ်ဆေးဆရာကျီက ယောက်ျားလေးစားရင် မိန်းကလေးက အရှုံးပေါ်ပြီး မိန်းကလေးစားရင် ယောက်ျားလေး အရှုံးပေါ်မယ့် ဆေးကို တီထွင်လိုက်တယ်။ နှစ်ယောက်လုံး စားလိုက်ရင် ဘယ်သူအရှုံးပေါ်မယ်ထင်လဲ"
VOUS LISEZ
ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)
Actionအင်မော်တယ် ဇူအန် (မိတ်ဆက်) Keyboard Immortal ဘာသာပြန် Action Sharp မိုးကြိုးပစ်ခံရကာ ဘဝပြောင်းသွားသော ဇူအန်...။ လပြည့်မြို့တော်၏ လူ့အန္ဓ တစ်ယောက်အဖြစ် နိုးထလာသည်။ သို့သော် စိုင်ကော်၍ ခြုံပေါ်ရောက်ဆိုသလို ချူးကလန်မှ ထိပ်တန်းပါရမီရှင်အလှပဂေးသမီးပျိုလေ...