118

357 50 1
                                    

Chapter 118.

"ဝူဝေ့ မင်းတကယ် တိုက်ချင်နေတာလား" ချူကျုန်းထန် လက်သီးစုတ်၍ အံကြိတ်ပြောလိုက်သည်။

"မင်းတို့နှစ်ယောက် စိတ်လျှော့သင့်တယ်" ဆန်းဟုန် သူတို့နှစ်ယောက်ကြား ဝင်ရပ်လိုက်သည်။
"ဒီနေ့ရဲ့ အဓိကအရာကပြိုင်ပွဲပဲ။ မင်းတို့နှစ်ယောက် တိုက်ဖို့မဟုတ်ဘူး လပြည့်မြို့တော်ဝန် ကျုပ်တစ်ခုပြောမယ်။ ယွမ်ဝမ်ကျီ အားလျှော့လိုက်ပါတယ် မဟုတ်ရင် ခင်ဗျားသမီး အန္တရာယ်ရှိမှာ"

"အန္တရာယ်လား" ချူကျုန်းထန် လှောင်လိုက်သည်။
"သူလုပ်ရဲလို့လား"

ဆန်းဟုန် ချူကျုန်းထန်စကားကို အရေးမလုပ်ဘဲ ဆက်ပြောသည်။
"ယွမ်အိမ်ခေါင်းဆောင် ယွမ်ဝမ်ကျီ တမင်လုပ်တာ မဟုတ်ပေမဲ့ သူ့အမှားမကင်းဘူး။ ချူသခင်မလေးအတွက် ဆေးဖိုးကို ယွမ်အိမ်က တာဝန်ယူလိုက်ပါလား။ "

ပြောစရာမလိုအောင် ယွမ်ကျန်းချူလည်း ဆန်းဟုန်စကားကို ပျော်ပျော်ကြီး သဘောတူလေသည်။
"ဒါပေါ့ ဖြစ်သင့်တာပဲ။ ကျုပ်ငွေစ တစ်သောင်း ပေးပါ့မယ်"

"မလိုပါဘူး ချူအိမ်က ကိုယ့်အိမ်သားအတွက် ဆေးဖိုးတော့ တတ်နိုင်ပါသေးတယ်" ချူကျုန်းထန် အေးစက်စက်ပြော၍ ချူဟွမ်ကျောက်ကို ပြန်ခေါ်ပြီး ထွက်သွားသည်။

ဆန်းဟုန်က ဝူဝေ့ဘက်က၊ ကျန်းလော့ဖူက ကြားနေ ၊ မြို့စားက မလှိမ့်တပတ်နှင့် ပြဿနာတက်ပါက ချူကျုန်းထန်အတွက် ကောင်းတာ မရှိချေ။

လူအုပ်ကြားမှ ကျီတန်ထု ခေါင်းယမ်းလိုက်သည်။
"ချူငအ မင်းက တအားသည်းခံနိုင်လွန်းတယ်။ အပြင်လူတွေအမြင်မှာတောင် မင်းက ငကြောက်ဖြစ်နေပြီ။ ချင်ဝမ်ယွီ အရင်တုန်းက လူတွအများကြီးထဲက မင်းကို ဘာလို့ရွေးခဲ့တာပါလိမ့်။ ငါ့ကို ရွေးလိုက်ရင် ပိုမကောင်းဘူးလား။ အခုချိန်ဆို အပူအပင်ကင်းကင်း နေနေရလောက်ပြီ"

ဝူဝေ့ ၊ ယွမ်အိမ်နှင့် ကျန်းအိမ်ခေါင်းဆောင်များ လှောင်ပြုံးများ ပြုံးလိုက်သည်။
ချူအိမ်ရဲ့ခေတ်က ကြည့်ရတာ ကုန်ပြီထင်တယ်။

ရှီခွန်းလည်း အပြုံးတစ်ခု ရှိနေသည်။
လက်နက်စျေးကွက်ကို လုယူတာက ချူအိမ်ကို ဖျက်စီးဖို့ ပထမခြေလှမ်းပဲ။ မကြာခင် ချူချူယန် ငါ့ရင်ခွင်ထဲ ရောက်လာတော့မှာ။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Donde viven las historias. Descúbrelo ahora