94

334 56 1
                                    

Chapter 94.ဘာကြည့်နေတာလဲ

ဇူအန် အံသြစွာ မျက်တောင်ခတ်လိုက်သည်။
"မင်းက ငါ့ကို နောက်တစ်ခါ ယွမ်ဝမ်ဒုံကို ဒေါသထွက်အောင် လုပ်ခိုင်းတာလား"

ချူချူယန်က ဇူအန် ကြောက်နေမည် စိုးရိမ်၍ ထပ်ပြောသည်။
"စိတ်မပူပါနဲ့ ကျွန်မ ရှင့်ကို မနက်ဖြန် အဖော်လုပ်ပေးမယ်။ ရှင်သူ့ကို ဘယ်လောက်ဒေါသထွက်အောင်လုပ်လုပ် ရှင့်လုံခြုံရေးကို အာမခံတယ်"

အံမယ်…ဖွင့်ပြောနေသလို ကြေညာစကားကြီးက ဘာလဲဟ။ ငါတို့နေရာတွေ လဲနေသလို ဘာလို့ ခံစားရတာပါလိမ့်...အင်းလေ..ဒါလည်း အဆင်ပြေတာပဲ။ တစ်ခြားလူကို ခိုကပ်နေရတာလည်း အတော်သက်သာတာပဲ။

ဇူအန် ခေါင်းငြိမ့် အတည်ပြုလိုက်သည်။
"စိတ်မပူနဲ့ အသည်း။ မင်းအမိန့်ပေးလိုက်မှတော့ သူ့ကို ဒေါသထွက်ပြီး ပေါက်ကွဲစေရမယ်"

ဇူအန် ချူချူယန်ကို အသည်းဟု ခေါ်လိုက်ခြင်းက ချူချူယန်နှင့် ချင်ဝမ်ယွီကို မျက်မှောင်ကြုံ့သွားစေသော်လည်း နှစ်ယောက်လုံး ဘာမှမပြောချေ။

"မမကြီး မနက်ဖြန် အကယ်ဒမီကို သွားမှာလား" ချူဟွမ်ကျောက် မေးလိုက်သည်။

"အင်း နင့်မျက်နှာထားက ဘာဖြစ်နေတာလဲ" ချူချူယန် အပြုံးဖြင့် ပြန်ဖြေသည်။
" နင်အကယ်ဒမီမှာ ပြဿနာရှာထားပြီး ဆရာတွေက ငါ့ကို ပြန်တိုင်မှာ ကြောက်နေတာလား"

"မဟုတ်ပါဘူး။ မမအကယ်ဒမီကို မရောက်တာကြာလို့ ပျော်နေရုံပါ" ချူဟွမ်ကျောက် မကျေမချမ်း ပြန်ဖြေ၍ ဇူအန်ကို လျှို့ဝှက်စွာ မျက်စပစ်ပြသည်။
"ပြောရင်းနဲ့ မနက်ဖြန် ကောင်းကင်အတန်းမှာ အတွက်အချက်ချိန် ရှိတယ်မလား"

"ဟုတ်တယ်" ချူချူယန် ပြန်ဖြေသည်။
"အမှန်တော့ အကယ်ဒမီက ကျင့်ကြံမှုအတန်းတွေက ငါ့အတွက် သိပ်အရေးမပါတော့ဘူး။ ဒီအတွက်အချက်အတန်းက ပိုအသုံးဝင်တယ်။ ဘာလို့ဆို ချူအိမ်မှာ ဘဏ္ဍာရေးနဲ့ဆိုင်တဲ့ ကိစ္စတွေ အများကြီးရှိတယ်လေ"

ချူဟွမ်ကျောက် မပြုံးမိအောင် အတော်လေးကြိုးစားနေရပြီး မျက်နှာက အကြောများ တောင့်လာရသည်။
"အကယ်ဒမီမှာ အတွက်အချက်ဆရာအသစ်ရောက်နေတာနဲ့ အတော်ပဲ။ သူ့ကို မမပိုကြိုက်လောက်တယ်"

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now