122.
ထိုအချိန်တွင် ဝူဝေ့နှင့် ယွမ်ကျန်းချူ တို့ ယွမ်ဝမ်ဒုံ ဇူအန်ကို အကြောဖြတ်ပြီးသောရလဒ်ကိုကြည့်ရန် ကြိုးဝိုင်းဘက် လှည့်လိုက်သည်။ သို့သော် မြင်လိုက်ရသော မြင်ကွင်းက နှစ်ယောက်လုံးကို ပါးစပ်ဟောင်းလောင်းဖြစ်စေသည်။
ယွမ်ကျန်းချူ ခေတ္တကြောင်သွားပြီးမှ ပေါက်ကွဲလေသည်။ ရက်စက်သောမျက်နှာဖြင့် ဇူအန်ထံ ပြေးဝင်လာပြီး
"မင်းငါ့သားကို ဒဏ်ရာရအောင်လုပ်ရဲတာလဲ။ သေစမ်း"သင်သည် ယွမ်ကျန်းချူ ထံမှ အမျက်ပွိုင့် ၁၀၂၄ ရယူလိုက်သည်။
ယွမ်ကျန်းချူ ကျင့်ကြံမှုက မြို့တော်ဝန်နှစ်ယောက်အောက် နိမ့်ကျသော်လည်း ဇူအန်ကို သတ်ရန် အပန်းမကြီးပေ။ သူက ဖူအန်ရှောင်ချင်ရင်တောင် ရှောင်မရသော အားတစ်ခု ပစ်သွင်းလိုက်သည်။
သို့သော် လူတစ်ယောက် ဇူအန်ရှေ့ရပ်လိုက်၍ ဇူအန်ရှောင်စရာပင် မလိုချေ။ ချူကျုန်းထန် ယွမ်ကျန်းချူတိုက်ခိုက်မှုကို တားလိုက်ပြီး သရော်ပြုံးဖြင့်
"ယွမ်ခေါင်းဆောင် ဒါက လူငယ်တွေရဲ့ တိုက်ပွဲပါ။ ခင်ဗျား ဝင်ပါတာ နိမ့်ကျလွန်းတယ် မထင်ဘူးလား"ယွမ်ကျန်းချူကို ထိုစကားများ ပြန်ပြောနိုင်ခြင်းကြောင့် အလွန်စိတ်ချမ်းသာသွားသည်။ သူက လူကောင်းတစ်ယောက်ဖြစ်သော်လည်း လူတိုင်းသူ့ကို အနိုင်ကျင့်၍ ရသည်ဟု မဆိုလိုပေ။ ယွမ်အိမ်က တစ်နေ့လုံး အထက်စီးဆန်ဆန် ပြုမူနေပြီး အခု ပြန်ပေးဆပ်ရမည့် အချိန်ရောက်လေပြီ။
"မင်း!"
ယွမ်ကျန်းချူ ဒေါသထွက်သွားသော်လည်း သူ့အဆင့်က ချူကျုန်းထန်ထက်နိမ့်၍ လုံးဝ မတိုးဖောက်နိုင်ချေ။
ကံကောင်းစွာ ဝူဝေ့ ထိုအချိန်တွင် ရှေ့တက်လိုက်သည်။သို့သော် ချူကျုန်းထန်ထံ လာရမည့်အစား ယွမ်ဝမ်ဒုံ၏ သွေးထွက်နေမှုကို တားဆီးလိုက်သည်။ ထို့နောက် ဒဏ်ရာကို မျက်နှာပျက်စွာ စစ်ဆေးလိုက်သည်။
ဇူအန်လုံခြုံမှုကို စိုးရိမ်၍ ချူကျုန်းထန် ဝူဝေ့ရော ယွမ်ကျန်းချူပါ မတိုက်နိုင်သည့်ဘက်တွင် ထားလိုက်သည်။
KAMU SEDANG MEMBACA
ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)
Aksiအင်မော်တယ် ဇူအန် (မိတ်ဆက်) Keyboard Immortal ဘာသာပြန် Action Sharp မိုးကြိုးပစ်ခံရကာ ဘဝပြောင်းသွားသော ဇူအန်...။ လပြည့်မြို့တော်၏ လူ့အန္ဓ တစ်ယောက်အဖြစ် နိုးထလာသည်။ သို့သော် စိုင်ကော်၍ ခြုံပေါ်ရောက်ဆိုသလို ချူးကလန်မှ ထိပ်တန်းပါရမီရှင်အလှပဂေးသမီးပျိုလေ...