161

326 50 0
                                    

Chapter 161: အစ်ကို ရှီ၊ အစ်ကိုဇူ

“ဒီလိုမျိုး ဖြစ်နေတာတောင် ဘယ်လိုလုပ်နောက်ပြောင်နိုင်သေးတာလဲ” ချူချူယန် အသံကျယ်ကျယ်ဖြင့် ဆူငေါက်လိုက်သည်။

ဇူအန်သည် လှံသမားဖုတ်တစ်ကောင်ထံမှ လာသည့် တိုက်ခိုက်မှုကို ရှောင်ရင်း ပြန်ပြောလိုက်သည်။ “ငါ ဒဏ်ရာရသွားပြီဆိုတော့ အနည်းဆုံး ငါ့ကိုယ်ငါအတွက် ရနိုင်မယ့် ဘယ်အကျိုးအမြတ်ကိုမဆို အများဆုံးထိ မြှင့်တင်လို့ မရဘူးလား။ မဟုတ်ရင် ငါ အလကားသက်သက် ဒဏ်ရာရသွားသလိုဖြစ်မှာပေါ့”

“……” ချူချူယန်

ဇူအန်၏ ကောက်ချက်ချတွက်ချက်ပုံကို သူမ လိုက်မမှီနိုင်ပါ။ သာမာန်လူတစ်ယောက်က ဒီလိုအခြေအနေမျိုးမှာ ဒါမျိုးတွေးသင့်လို့လား။

ဇူအန်အသံသည် ပေါ့ပြက်ပြက်နိုင်သော်ငြားလည်း သူ့မှာ ရှိသည့် အားအင်အားလုံးကို အသုံးပြုလိုက်ပြီဖြစ်သည်။ သူ့ကိုယ်သူ ပြန်ကုသရန် သွေးအားပြည့်ဆေးလုံးကို လျှင်လျှင်မြန်မြန် မျိုချလိုက်သည်။ မဟုတ်ဘဲ နောက်တစ်ခါ ထိုးနှက်ခံလိုက်ရလျှင် သူ ပွဲချင်းပြီးသွားလိမ့်မည်။

ခပ်နွေးနွေးစွမ်းအားစီးကြောင်းတစ်ခုသည် သူ့ခန္ဓာကိုယ် နှင့် အရိုးများတစ်လျှောက် လှည့်ပတ်စီးဆင်းသွားသည်။ ၎င်း၏ ဆေးအာနိသင်ပြနှုန်းသည် ‘နွေဦးကိုကြီးယုံကြည်မှု’ လိုမျိုး မလျှင်မြန်သော်လည်း သာမာန်နှုန်းထားနှင့်စာလျှင် အတော်အသင့်လျှင်မြန်နေသေးသည်။ သူ့ဒဏ်ရာများ ဖြည်းဖြည်းချင်း ပြန်ကောင်းလာကြပြီး သူ့စိတ်သည် နောက်တစ်ကြိမ်ပြန်လည်ကြည်လင်လန်းဆန်းလာသည်။

ကျီရှောင်ချီ သူနှင့် အဖွဲ့ဖွဲ့ပြီးနောက် ကျောင်းသားများထံမှ ရလာသည့် အဖိုးတန်ဆေးလုံး အများအပြားကြောင့် ဇူအန် အလွန်အမင်း ဝမ်းမြောက်နေသည်။ မဟုတ်လျှင် အခုလောက်ဆို သူ သေသွားလောက်ပြီ။

မည်သို့ဆိုဆို သက်လုံပြန်ကောင်းလာမှုက ဇူအန်အား လှံသမားဖုတ်ကောင်များကို ဆက်တိုက်ခိုက်နိုင်ရန် လိုအပ်သည့် အင်အားများရရှိသွားစေသည်။ သူ့လက်မောင်းသည် တစ်စက်လေးမျှမလျော့ဘဲ ကိုက်ခဲနာကျင်နေဆဲဖြစ်သော်လည်း သူ့ကိုယ်သူ အတင်းဖိအားပေး၍ ယင်းနာကျင်ကိုက်ခဲမှုကို လျစ်လျူရှုလိုက်သည်။ အလွန်အကျွံသုံးစွဲမှုကြောင့် သူ့လှံသည်ပင် ခွေသွားသည်။ ထိုအခါ ယင်းလှံကို ပြတ်ပြတ်သားသား စွန့်ပစ်ပြီး သူ့ရန်သူများလက်ထဲမှ အသစ်တစ်ခု ပြန်လုယူလိုက်သည်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now