200

859 64 0
                                    

Chapter 200: ပျော်လို့မဝသေး

မိန်လိ ခေါင်းငုံ့၍ ဓားကိုကြည့်လိုက်ပြီး
"ငါလောလောဆယ်တော့ ထိုက်ဝူဓားထဲမှာ နေလိုက်မယ်"

ဇူအန် အံ့သြသွားသည်။
"ထိုက်ဝူက အဲ့လို လူနေလို့လည်းရတယ်လား"

မိန်လိ ပြန်ဖြေသည်။
"ထိုက်ဝူလို နတ်လက်နက်တွေမှာ ကိုယ်ပိုင် လေဟာနယ်ပါတယ်။ ဓားဝိညာဉ်က အများစု ပျောက်ကွယ်နေလို့ တော်သေးတယ် မဟုတ်ရင် ငါ၀င်ခိုနေလို့ရမှာမဟုတ်ဘူး။"

"ဓားဝိညာဉ်က အတော်လေး ပျောက်ကွယ်နေပြီလား" ဇူအန် ထိုစကားများကြောင့် အံ့သြသွားသည်။

မိန်လိ ဇူအန်ကို သိသာသောကိစ္စတစ်ခု ပြောနေသည့်အလား ရှင်းပြသည်။
"အဲ့ဒီတိုက်ပွဲတုန်းက ထိုက်ဝူက ဒဏ်ရာအပြင်းအထန် ရသွားတာ။ အဲ့ဒီတည်းက ယင်ကျန်း သူ့ကို မသုံးတော့တာပဲ။ ဒါပေမဲ့ ပစ်ထားရတာ နှမြောလို့ ဝိညာဉ်ချုပ်စည်းဗဟို အဖြစ် အစီအရင်ကို အားဖြည့်ဖို့ သုံးလိုက်တာ။ နှစ်ပေါင်းထောင်ချီ စွမ်းအင်စုတ်ယူခံထားရတော့ ထိုက်ဝူဓားက အရမ်းအားနည်းနေပြီ။ မဟုတ်ရင် မင်းလို ငပျော့တစ်ယောက်က သူ့ကို ထိန်းနိုင်မှာတဲ့လား။ မဟုတ်ရင် သူ့ကိုထိထိချင်း သူ့ဓားကီကြောင့် မင်းတစ်စစီဖြစ်ပြီးနေပြီ"

ဇူအန် သဘောပေါက်သွားသည်။
မိန်လိက ထိုက်ဝူဓား၏ စွမ်းအင်မြင့်မားကြောင်း တစ်ချိန်လုံးပြောနေသော်လည်း ဇူအန် လက်ထဲတွင် ကိုင်နေစဉ် ဘာမှထူးထူးခြားခြား မခံစားရပေ။ ထက်သော အသွားနှင့် ခိုင်ခံ့သော ဓားကိုယ်ကလွဲရင် ဘာမှမထူးခြားပေ။

"နင့်မိန်းမကို အရင်ဓားကို လွှတ်ချခိုင်းလိုက်"  မိန်လိ သူမရင်ဘတ်ထဲ ဓားဝင်လိုက်ထွက်လိုက်ဖြစ်နေတာ ကြည့်ရင်း ပြောလိုက်သည်။ သူလက်ကို မလွှတ်ချရဲပေ။ မဟုတ်ပါက တန်းသေသွားလိမ့်မည်။

"ချူယန် မင်းဓားကို လွှတ်ချလို့ရပြီ။ အကုန်လုံး ထိန်းချုပ်ပြီးသွားပြီ" ဇူအန် အမြန်ပြောလိုက်သည်။

ချူချူယန် ခေတ္တတွေဝေပြီးမှ လက်လွှတ်လိုက်သည်။

မိန်လိက သူတို့နားမလည်နိုင်သော ဂါထာများပွစိပွစိရွတ်ပြီးနောက် မိန်လိဝိညာဉ် ချူချူယန် ကိုယ်ထဲမှ ထွက်လာသည်။ ထို့နောက် ထိုက်ဝူဓားထဲ ဝင်သွားရာ ဓားသွားတုန်ခါလာသည်။
ဓားက တစ်မျိုးပြောင်းလဲသွားသည်ဟု ဇူအန်ခံစားရသော်လည်း ဘယ်လို ထူးခြားသွားလဲ မပြောတတ်ပေ။

Has llegado al final de las partes publicadas.

⏰ Última actualización: Jan 23, 2022 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Donde viven las historias. Descúbrelo ahora