Chapter 153: ကျိုး မင်းဆက်မှာ ကိုယ်ဝန်ဆောင်မယ့် ပထမဆုံး ယောကျာ်းလေး
“သေချာတာပေါ့။ ဘာလို့ ငါ့အမေအပေါ် မသိတတ်ရမှာလဲ” ရှီခွန်းက ပက်ခနဲ ပြန်ပြောလိုက်သည်။
ကြီးမြတ်သော ကျိုး မင်းဆက်သည် သားသမီးဝတ္တရားကျေပွန်မှုကို အလေးအမြတ် ထားကြသည်။ လူတစ်ယောက်၏ အဆင့်အတန်းက မည်မျှပင် မြင့်နေပါစေ သားသမီးဝတ္တရားမကျေပွန်ဘူး ဟူသည့် အမည်နာမနှင့် အပြောမခံရဲကြပါ။
“ဆယ်လတာ ကိုယ်ဝန်လွယ်ရခြင်းကြောင့် ကြုံရတဲ့ အခက်အခဲတွေနဲ့ ကလေးမွေးရတဲ့ နာကျင်မှုကို မကြုံတွေ့ဖူးသေးဘဲနဲ့ မင်းကိုယ်မင်း ဝတ္တရားကျေပွန်တယ်လို့ ဘယ်လိုတောင်ပြောရဲရတာလဲ။ မင်းကို မွေးဖို့ မင်းအမေ ခံစားခဲ့ရတာတွေကို မင်း ဘာမှမသိပါဘူး” ဇူအန် သက်မချလိုက်သည်။
“…..” ချူချူယန်
အခုလိုအချိန်မျိုးမှာမှ ဇူအန်က ဘာလို့အဲ့လိုစကားမျိုးပြောလာတာလဲဆိုသည်ကို သူမ မသိပါ။ ဒါပေမယ့်လည်း သူက သူမအတွက် အမြဲတမ်း မှန်းဆလို့မရတဲ့ လူ ဖြစ်နေခဲ့တာပဲ။
အခြားအစေခံများလည်း ကြောင်အသွားကြသည်။ ဒီနေ့ ဖြစ်ပျက်ခဲ့သည့် အရာအားလုံးသည် အလွန်အဓိပ္ပါယ်မရှိသဖြင့် ဆိုးဆိုးရွားရွား ရေးသားထားသည့် ဝတ္ထုတစ်ပုဒ်ပမာ ဖြစ်နေသည်။ သခင်လေး နှင့် ဇူအန်တို့သည် တစ်ယောက်နှင့်တစ်ယောက် သူငယ်ချင်းအဖြစ် သတ်မှတ်သွားကြသည်။ နောက်တော့ သဘောထားကွဲလွဲသွားကြပြီး အခုချိန်မှာတော့ သားသမီးဝတ္တရားကျေပွန်မှုအကြောင်းကို ရုတ်တရက်ကြီး ပြောကြလာပြန်ရော။ ဒီလောကကြီးက ဘာတွေမှားယွင်းနေတာလဲ။
“…..” ရှီခွန်း
အေးတိအေးစက်ဖြင့် နှာမှုတ်ပြီး ပြန်ပြောလိုက်သည်။ “ငါတို့သူငယ်ချင်းဖြစ်မှုကို ထောက်ထားလို့ မင်းရဲ့ အဓိပ္ပါယ်မရှိတဲ့ မေးခွန်းကို စိတ်ရှည်ရှည်နဲ့ ငါ ဖြေပေးခဲ့တာ။ အခု မင်းရဲ့ စပ်စုမှုကို ငါ ဖြည့်ဆည်းပေးပြီးပြီးဆိုတော့ စိတ်ငြိမ်းချမ်းစွာနဲ့ မင်း သွားလို့ရပြီ”
“မင်း ငါ့ကို သူငယ်ချင်းအနေနဲ့ မြင်တယ်ဆိုတော့ မင်းကို အမွေအနှစ်အနေနဲ့ ငါ လက်ဆောင်တစ်ခု ပေးလိုက်မယ်။ ကိုယ်ဝန်လွယ်ရခြင်းရဲ့ ပျော်ရွှင်မှု နဲ့ သုခချမ်းသာပေါင်းစုံကို ငါ မင်းကို ကြုံတွေ့ခံစားစေလိုက်မယ်။ အဲ့ဒါမှ မင်းအမေကို ပိုတန်ဖိုးထားပြီး ပိုပြီး သိတတ်တဲ့ သားတစ်ယောက်ဖြစ်လာမှာ” ဇူအန် မျက်နှာထက်၌ ပဟေဠိဆန်သော အပြုံးတစ်ခု ထွက်ပေါ်လာသည်။
VOUS LISEZ
ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)
Actionအင်မော်တယ် ဇူအန် (မိတ်ဆက်) Keyboard Immortal ဘာသာပြန် Action Sharp မိုးကြိုးပစ်ခံရကာ ဘဝပြောင်းသွားသော ဇူအန်...။ လပြည့်မြို့တော်၏ လူ့အန္ဓ တစ်ယောက်အဖြစ် နိုးထလာသည်။ သို့သော် စိုင်ကော်၍ ခြုံပေါ်ရောက်ဆိုသလို ချူးကလန်မှ ထိပ်တန်းပါရမီရှင်အလှပဂေးသမီးပျိုလေ...