48

407 58 4
                                    

Chapter 48. ကပ်စားတတ်ဖို့ မလွယ်ဘူး

သင်သည် ရီချန်းလျန် ထံမှ အမျက်ပွိုင့် ၉၉၉ ရယူလိုက်သည်။

ရီချန်းလျန် တစ်ခါမှ ဒီလောက်အရှက်မကွဲဘူးပေ။ သူက ဇူအန်ကို အမြင့်မှဆွဲချရန်အကြံဖြင့် ယုံကြည့်ချက်အပြည့် ရှိနေခြင်းပင်။ ဒီလို ပြောင်းပြန်ဖြစ်လာမည်ဟု မထင်ထားမိချေ။

ဒီအချိန်တွင် ဇူအန်နှင့် ယှဉ်ရန် စိတ်ကူးမရှိတော့ချေ။ သူက တင်ပါးကွဲဝံပုလွေဒါဇင်ကျော်ကို သတ်နိုင်သူနှင့် ယှဉ်ပြိုင်ရန် အကြောင်းမရှိပေ။

"မင်းက အနိမ့်စားဒင် အဆင့်ပဲရှိတာ။ ဘယ်မှာလာပြီး ပညာရှင်ယောင်ဆောင်နေတာလဲ" စွတ်စွဲသံတစ်ခု ထွက်လာသည်။

ဇူအန် မျက်လုံးကျဉ်းသွားသည်။ သူက လူအုပ်ကြားမှ ဟုန်ရှင်းယင်ကို မြင်ပြီးတာ ကြာလေပြီ။

အရင်ဘဝက သူ့အုတ်ဂူကိုများ ငါဖော်မိလို့လား။ ခွေးရူးလိုမျိုး မြင်တိုင်းကိုက်နေရအောင်။

ဇူအန် စမ်းသပ်စဉ်က ရှိခဲ့သောလူများကလည်း ထောက်ခံကြသည်။
"ဟုတ်တယ် သူ့အရည်အသွေးက အနိမ့်စားဒင် ပဲရှိတယ်"

"သူက အဝါရောင်ခန်းမှာ ဘယ်လောက်ထိ ကျင့်ကြံမှု မြင့်နိုင်မှာမို့လို့လဲ"

အရာအားလုံးက ရီချန်းလျန် ကို ဒွိဟဖြစ်စေသည်။ မျက်မြင်သက်သေဒီလောက်အများကြီးရှိသောကြောင့် လိမ်နေတာမဖြစ်နိုင်ချေ။ ကျီရှောင်ချီ နှင့် ချူဟွမ်ကျောက် လိမ်နေသည်မှုလည်း မဖြစ်နိုင်။ တကယ်ပဲ ဘယ်ဟာက အမှန်လဲ။

အဖြစ်မှန်ကို ထပ်မံစုံစမ်းရန်မှာ ဖြစ်နိုင်လေသည်။ သို့သော် ရီချန်းလျန် တွေဝေစပြုနေလေပြီ။ သူက အတော်လေးအရှက်ကွဲထားပြီးဖြစ်ရာ နောက်တစ်လှမ်း မှားလိုက်ပါက အကယ်ဒမီတွင် နေရာကျန်မည် မဟုတ်တော့ပေ။

ယွမ်ဝမ်ဒုံ က ရီချန်းလျန် ၏ တွေဝေမှုကို ကြည့်လိုက်ပြီး စိတ်ထဲမှ နှိမ်လိုက်သည်။

ကြည့်ရတာ ငါကိုယ်တိုင်လုပ်မှ ရမယ်နဲ့တူတယ်။

သူက ရှေ့တက်လိုက်ပြီး ဇူအန်ကို နှုတ်ဆက်လိုက်သည်။
"ကျုပ်က ဒီကိစ္စမှာ နဂိုက ဝင်မပါချင်ပါဘူး။ ဒါပေမဲ့ မင်းက သိပ်လွန်လွန်းတယ်။ သူတို့ရဲ့ လက်ရှိအခြေအနေရောက်ဖို့ ကြိုးစားထားရတဲ့ သွေးတွေ ချွေးတွေကို နှိမ့်ချနေသလိုပဲ။ ကျုပ်တို့မှာရှိတဲ့ ကျွမ်းကျင်မှုတွေက တိုက်ဆိုင်မှုမဟုတ်ဘူး။ မင်းကတော့ လမ်းဆိုးတစ်ခုကို လျှောက်နေတာ။ မင်းကိုလွှတ်ပေးလိုက်ရင် ဘယ်လောက်များတဲ့ ဂျူနီယာတွေက မင်းလိုလမ်းမှားလိုက်ပြီး ပျက်စီးကုန်ကြမလဲ။ အဲ့တာကြောင့် ကျုပ် ယွမ်ဝမ်ဒုံ က ကြိုးစားတဲ့ ကျင့်ကြံသူတိုင်းကို ကိုယ်စားပြုပြီး ခင်ဗျားကို ပြိုင်တိုက်မယ်"

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Donde viven las historias. Descúbrelo ahora