Chapter 26: သင်္ချာဉာဏ်စမ်း
အဆိပ်အာနိသင် မည်မျှကြာမှန်း ဇူအန်မသိချေ။ ဒီဓားပြများ အဆိပ်ပြေသွားပါက ကံဆိုးသူမှာ သူ့အလှည့်ဖြစ်ပေလိမ့်မည်။
ဖြစ်လာနိုင်သော အန္တရာယ်အားလုံးကို အရင်ရှင်းပစ်ဖို့ လိုလေသည်။အနည်းဆုံးတော့ သူဖတ်ဖူးသော ဝတ္ထုများထဲမှ စိတ္တဇဆန်ဆန်ဇာတ်လိုက်များကဲ့သို့ ဇူအန် မနှိပ်စက်နေပေ။
ဇူအန် အမှန်ပြောနေကြောင်း ကျီရှောင်ချီ သိလေသည်။ သူမကိုကြည့်သော ရမ္မက်အကြည့်များအား ယခုထိတိုင် မြင်ယောင်ကြည့်၍ရသေးသည်။ သူ့လုပ်ရပ်များကို ရပ်တန့်ရန် တိုက်တွန်းခြင်းအား လက်လျှော့လိုက်သည်။
ဇူအန် နောက်ထပ်ဓားပြတစ်ယောက်ထံ ဆက်သွားလေသည်။ ထိုဓားပြက သူ့အဖော်နှစ်ယောက်အလောင်းကို ကြည့်၍ ကလန်ကဆန် အော်လေသည်။
"မင်းသတ်ချင်ရင် သတ်လိုက် ။ သူတော်ကောင်းယောင်ဆောင်မနေနဲ့။ ငါတို့အားလုံးက ဓားပြတွေ ဘယ်သူမှ တူရိယာမတီးတတ်ဘူး"ဇူအန် မျက်မှောင်ကြုံ့သွား၍
"အဲ့လိုလား ကောင်းပြီလေ ဒါဆို မေးခွန်းပြောင်းမေးပေးမယ်။ ဒါက သာမန်လူတိုင်းသိတဲ့ ပုံမှန်မေးခွန်းလေးပါ"ဓားပြက ဇူအန် အလျှော့ပေးမည်ဟု မထင်ထားပေ။ မျက်လုံးတွင် မျှော်လင့်ချက်ရောင်ခြည် ဖြတ်သန်းသွားပြီး
"ကောင်းပြီ" သူကပြောလိုက်သည်။
"မေးလေ"ဇူအန် သူ့မျက်နှာသူ ပြန်ထိုး၍
"ငါရုပ်ဖြောင့်လား"ဓားပြ ပါးစပ်ပြဲသွားသော်လည်း ချက်ချင်းပြန်ဖြေသည်။
"ကျိန်းသေပဲပေါ့။ မင်းလောက်ချောတဲ့လူမျိုး ငါတစ်ခါမှမတွေ့ဖူးဘူး။ မင်းက လပြည့်မြို့...အာ မဟုတ်ဘူး.. တစ်လောကလုံးမှာ အချောဆုံးပဲ။ မင်းရဲ့တည်ရှိမှုကြောင့် နတ်သူငယ်မင်းသားတွေတောင် အရှက်ရကြပြီး သတ်သေလိမ့်မယ်။ အာ..အဲ့ဒီ မြို့တော်ရဲ့နံပါတ်တစ်အလှသခင်မ ယုယွမ်လော့တောင် မင်းကိုမြင်တာနဲ့ သားဥကြွေသွားလိမ့်မယ်။ အယ် သူတောင် မင်းကို မထိုက်တန်ဘူး"လက်ရှိအခြေအနေအရ ဇူအန်က တင်ပါးကွဲဝံပုလွေနှင့် ရုပ်ချင်းဆင်နေလျှင်ပင် ကောင်းကင်ရောက်အောင် မြှောက်ပင့်ကြပေလိမ့်မည်။
KAMU SEDANG MEMBACA
ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)
Aksiအင်မော်တယ် ဇူအန် (မိတ်ဆက်) Keyboard Immortal ဘာသာပြန် Action Sharp မိုးကြိုးပစ်ခံရကာ ဘဝပြောင်းသွားသော ဇူအန်...။ လပြည့်မြို့တော်၏ လူ့အန္ဓ တစ်ယောက်အဖြစ် နိုးထလာသည်။ သို့သော် စိုင်ကော်၍ ခြုံပေါ်ရောက်ဆိုသလို ချူးကလန်မှ ထိပ်တန်းပါရမီရှင်အလှပဂေးသမီးပျိုလေ...