Chapter 59. လောင်းကစားသမား၏ ထင်ယောင်ထင်မှားအတွေး
"ပြန်ခုခံတာ" ချူချူယန် ဆွံ့အသွားသည်။
"ရှင်က လောင်းကစားလုပ်တာကို ပြန်ခုခံတယ်လို့ ပြောနေတာလား""အမှန်ပဲ" ဇူအန် ဖြစ်သင့်သလို ပြန်ပြောသည်။
"ချူအိမ်ရဲ့ သြဇာအရ မြေအောက်ဂိုဏ်းလေးကို ရှင်းတာက အလွယ်လေးလို့ပဲ ထင်ခဲ့တာ။ ဒါပေမဲ့ မင်းလက်တွေက အချည်ခံထားရတော့ ငါ့ဘာသာပဲ လုပ်ရတော့တာပေါ့""ဘာလုပ်ဖို့ ကြံထားတာလဲ" ချူချူယန် မေးလိုက်သည်။
"ဒါပေါ့ ငါသူတို့ငွေအားလုံးကို အပိုင်သိမ်းလိုက်မှာပေါ့ " ဇူအန် စိတ်အားထက်သန်စွာ ပြောလိုက်သည်။
စနိုး လှောင်လေသည်။
"နောက်ဆုံးတော့ လောင်းကစားလုပ်တာပဲ မဟုတ်ဘူးလား""စိန်ခေါ်မှုရှိမှ လောင်းကစားလို့ ခေါ်တာလေ။ ပိုက်ဆံသာနိုင်ရင် ငွေထုတ်တာလို့ ခေါ်တယ်။ ချူအိမ်ရဲ့ ဘိုးဘေးတွေ ကးလောင်းကစားလုပ်တာကို တားမြစ်တာက အရင်လိုအမှားမျိုး မမှားရအောင်လို့ပဲ။ ပွဲတိုင်းနိုင်တဲ့ ငါ့လို လောင်းကစားဘုရင်မျိုး သူတို့မျိုးဆက်တစ်ယောက်က လက်ထပ်လိမ့်မယ်လို့ တွေးထားမှာ မဟုတ်ဘူး၊ သူတို့သာသိရင် ငါ့လုပ်ရပ်ကို အားရပါးရ လက်ခံမှာပဲ"
ချူချူယန် နှာမှုတ်လိုက်သည်။
"ဒီလောကမှာ သူပိုက်ဆံရှုံးမယ်လို့ တွေးတဲ့ လောင်းကစားသမားမရှိဘူး။ လောင်းကစားလုပ်ပြီး ဥစ္စာပြုတ်သွားတဲ့ လူဘယ်နှစ်ယောက်ရှိလဲပဲ ကြည့်"ဇူအန် ပိုက်ဆံအိတ်တစ်ခု ထုတ်လိုက်ပြီး
"စိတ်မပူပါနဲ့။ ငါချူအိမ်က ပိုက်ဆံမသုံးပါဘူး။ ဒါက မက်မွန်ပွင့် ၁၃ ဆီက ဒီနေ့ရလာတာ။ ငါရှုံးရင်တောင် ပိုက်ဆံကို သူ့ပိုင်ရှင်ဆီပြန်ပို့လိုက်တာပဲ ရှိတာ။ ဘယ်လိုထင်လဲ"ချူချူယန်က ချက်ချင်းပြန်မဖြေပေ။ ဖူအန်စကားကို စဉ်းစားနေဟန်ပင်။ ဇူအန် သူမကိုစိုက်ကြည့်လိုက်ပြီး နောက်ဆုံးလက်နက်ထုတ်သုံးလေသည်။
"မင်းငါ့ကို လက်ထပ်ဖို့ ရွေးပြီးမှတော့ ငါ့ကို နည်းနည်းယုံသင့်တယ်"
ESTÁS LEYENDO
ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)
Acciónအင်မော်တယ် ဇူအန် (မိတ်ဆက်) Keyboard Immortal ဘာသာပြန် Action Sharp မိုးကြိုးပစ်ခံရကာ ဘဝပြောင်းသွားသော ဇူအန်...။ လပြည့်မြို့တော်၏ လူ့အန္ဓ တစ်ယောက်အဖြစ် နိုးထလာသည်။ သို့သော် စိုင်ကော်၍ ခြုံပေါ်ရောက်ဆိုသလို ချူးကလန်မှ ထိပ်တန်းပါရမီရှင်အလှပဂေးသမီးပျိုလေ...