20

514 63 0
                                    

Chapter 20: ချစ်ရာကောင်းသော

ဇူအန် ဝမ်းသာသွားသည်။ ကြည့်ရတာ သူ့စကားများကို လက်ခံလိုက်ပုံပင်။ ဒါက အခြေအနေကို များစွာလွယ်ကူစေသည်။

"နားလည်ပြီ" ဇူအန်ပြန်ဖြေသည်။

ဇူအန် တစ်စုံတစ်ယောက် ရေထဲမှတက်သံများကြားရပြီး အတွေးများ လွင့်လာသည်။သူက အရမ်းကို တွေဝေနေရသည်။ သူ ခိုးကြည့်သင့်လား...။သူ၏ ကိုယ်ကျင့်တရားသည် ဆန္ဒနှင့် လွန်ဆွဲနေသည်။

မိန်းမပျိုလေး ရေမှတက်သောအခါ ပေါ်လာမည့် ဖြူဖွေးချောမွတ်သော အသားအရည်ကို စဉ်းစားမိသည်နှင့် နှာခေါင်းများ ပူချင်လာသည်။ သူလက်ကိုမြှောက်၍ နှာဖျားကို စမ်းကြည့်လိုက်သော် သွေးပေနေသော လက်ချောင်းများကို တွေ့လိုက်ရသည်။

သေစမ်း ငါသွေးလျှံနေပြီ။

ကြည့်ရတာ ခြင်ဆီသန့်စင်ဆေးသည် ကိုယ်တွင်းမှ ယန်ဓာတ်ကိုပင် ပိုများစေနိုင်သည်ပင်။

"အား.."

မိန်းကလေး၏ အော်သံသည် ဇူအန်ကို လန့်သွားစေသည်။ ဒါက ဇာတ်လမ်းထဲကလို မင်းသမီးမြွေကိုက်ခံရသော အခန်းများလားဟု ဇူအန်တွေးလိုက်သည်။ အဲ့လိုသာဆိုရင် အဆိပ်ကိုစုပ်ထုတ်ပြီး အသက်ပေးဖို့ ဝန်လေးမှာမဟုတ်ပေ။ နေပါဦး ဘယ်နေရာကိုကိုက်တာလဲ။

ရထားတစ်စီးခုတ်မောင်းလာသကဲ့သို့ သူ့အောက်မှ မြေကြီးသည် တုန်ခါလာပြီး ဇူအန် ထိပ်လန့်သွားရသည်။

"ပြေး"

အေးစက်သော်လည်း နူးညံ့သောလက်တစ်စုံက ဇူအန်လက်မောင်းကိုဆွဲကာ မြစ်လယ်သို့ ပြေးလေသည်။ ဇူအန်ပုန်းအောင်းရာ ကျောက်ဆောင်သည် တစ်စစီကြေမွသွား၍ အလွန်ကြီးမားသော အကောင်တစ်ကောင် ပေါ်လာသည်။သူက ရေထဲရှိ အတွဲကို မြည်ဟိန်းနေလေသည်။

"အဲ့တာ ကြံ့ လား"ဇူအန် အံ့သြသွားသည်။အရွယ်အစားက ဆင်လောက်ရှိသည်။ ဒီလောကက အကောင်တွေအားလုံး ဟော်မုန်းတွေ ထိုးထားကြတာလား။ ပြီးတော့ မျက်လုံးကရော ဘာလို့နီရဲနေရတာလဲ။ သူ့ကြည့်ရတာ နွားအမြှေးရောင်ရောဂါ ကူးနေသလိုပဲ။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Donde viven las historias. Descúbrelo ahora