185

332 47 0
                                    

Chapter 185:  ထိုက်ဝူဓါး

ထိုမိန်းမသည် အနက်ရောင် အဝတ်အစားကို ဝတ်ဆင်ထားပြီး သူမ၏ လက်များကို ရှပ်ဟပ်နေသော ဝမ်းဗိုက်လေးပေါ်သို့ ကျက်သရေရှိစွာ တင်ထားသည်။ သလင်းအခေါင်းတလား ထဲတွင် ငြိမ်သက်စွာ လဲလျောင်းနေသည်။ သူမ၏ နှုတ်ခမ်းမှာ အနီရောင်သမ်းနေကာ သူမကို ဆွဲဆောင်မှုရှိစေသည်။ သို့သော်လည်း တစ်ချိန်နည်းမှာပင် အန္တရာယ်ရှိသော အရိပ်အယောင်သမ်းစေသည်။

သူမတွင် ပြစ်မျိုးမှဲ့မထင်သည့် လှပသော မျက်နှာရှိနေသည်။ သူမ၏ အသားအရေသည် ဤမြေအောက်နန်းတော်ထဲတွင် နှစ်ပေါင်းများစွာ ရှိနေခဲ့ရခြင်းကြောင့် သဘာဝအတိုင်းမဟုတ်ဘဲ ဖြူဖတ်ဖြူရော်ဖြစ်နေသည်။ သို့သော် ၎င်းမှာ ကိစ္စမရှိပေ။ သူမ၏ အနက်ရောင်အဝတ်အစားနှင့် လိုက်ဖက်နေသောကြောင့် သူမ၏ အသားအရေမှာ အဖြူရောင်ကျောက်စိမ်းသားပမာ အလင်းရောင်တစ်ခုဖြာထွက်နေသည်။

သူမ၏ နှာတံမှာလည်း ပုံစံတကျ စင်းသွယ်နေကာ သူမ၏ နှုတ်ခမ်းပါးမှာလည်း စွဲမက်ဖွယ်ကောင်းနေသည်။ သူမ၏ ပြေပြစ်သောမေးရိုးနှင့် သူမ၏ ရှည်သွယ်သော လည်ပင်း တို့မှာ သူ မျက်နှာကို အသက်ဝင်စေသည်။ သူမ၏ ဆွဲဆောင်မှုကို ခုခံရန် ခက်ခဲစေသည်။

သူမ ဝတ်ဆင်ထားသော အနက်ရောင်အဝတ်အစားပုံစံမျိုးကို ဇူအန် ယခင်က မမြင်ဖူးခဲ့ပေ။ သို့သော် ၎င်းသည် ဘုရင်မ များသာ ဝတ်ဆင်ရသော ဖီးနစ်ဝတ်ရုံဖြစ်သည်ကို အကြည့်တစ်ချက်တည်းဖြင့် ခန့်မှန်းလိုက်နိုင်သည်။ အနက်ရောင် ပိုးထည်အဝတ်အစားအပေါ်တွင် ထူးဆန်းသော သားရဲ၏ ရုပ်ပုံ ကို ရွှေချည်ထိုးထားကည ၎င်းကို ခမ်းနားစေပြီး ကျက်သရေရှိစေသည်။ ၎င်းသည် ဝတ်ဆင်သူကို ရှင်းမပြနိုင်သော အထက်စီးဆန်မှု အနေအထားကို ဖြစ်စေသည်။

ထိုအဝတ်အစားမှာ ကွက်တိမကျနေပေ။ အနည်းငယ် ကြီးနေသည့်ပုံပေါ်သည်။ သို့သော်လည်း သူမ၏ လှပသော ကိုယ်ကောက်ကြောင်းများမှာ အဝတ်အစားအောက်တွင် ခပ်မှေးမှေး ပေါ်လွင်နေဆဲ ဖြစ်သည်။ သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာ မည်မျှ ကောင်းမွန်နေသည်ကို အရိတ်အမြွတ်ဖော်ပြနေသည်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Donde viven las historias. Descúbrelo ahora