70

390 60 0
                                    

Chapter 70.ကြီးမားသော သတ်ဖြတ်မှု

သူ့ဇနီး၏ လက်ဝါးရိုက်သံက ရေနွေးသောက်နေသော ချူကျုန်းထန်ကို လန့်သွားစေသည်။ သူ့လက်တစ်ဖက်တုန်သွား၍ ရေနွေးပင် လျှံလုနီးပါး။သူ့အရှက်ရမှုကို ဖုံးကွယ်ရန် ချူကျုန်းထန် အလိုတူ ပြောလိုက်သည်။
"အမှန်ပဲ ဇူအန် မင်းလုပ်တာ ဘာမှားလဲသိလား"

ချူကျုန်းထန်ကို မယားကြောက် ဟု ဇူအန်စိတ်ထဲမှ သရော်လိုက်သော်လည်း စိတ်ရင်းဖြင့် ပြန်ဖြေလိုက်သည်။
"ကျွန်တော်လုက်တာ မှားတာသိပါတယ်"

ချူကျုန်းထန် နှင့် ချင်ဝမ်ယွီ တို့လည်း ဇူအန်၏ အဖြေကြောင့် အံသြသွားရသည်။ သူအရင်က လုပ်သလိုမျိုး ပြန်ငြင်းမည်ဟု ထင်ထားကြပြီး သူ့ကို မည်သို့ပြန်ချေပရန်ပင် တွေးပြီးလေပြီ။ ဇူအန်၏ ကျိုးနွံမှုက သူတို့ဘကို ရွက်လွှင့်ရင်း လေမတိုက်တော့သလို ရှေ့ဆက်ရန် ခက်သွားစေသည်။

ချူချူယန် နှင့် ယွဲ့ရှန်လည်း တစ်ယောက်နှင့်တစ်ယောက်  အံ့သြစွာ ကြည့်မိလိုက်သည်။ ဇူအန်၏ စကားနားထောင်မှုကို သူတို့မမျှော်လင့်ထားပေ။ ဒါက လောင်းကစားဝိုင်းမှာ လျှာစောင်းထက်ထက်နဲ့ လူတိုင်းကို ထိုးနှက်လိုက်တဲ့ လူလား။

ချင်ဝမ်ယွီ က ခေတ္တစဉ်းစား၍ မူလဇာတ်ညွှန်းအတိုင်း ဆက်သွားရန် ဆုံးဖြတ်လိုက်သည်။ "ချူအိမ်က အိမ်သားတွေကို လောက်းကစားလုပ်တာ တားမြစ်ထားတယ်ဆိုတာ မင်းမသိဘူးလား"

"ခင်ဗျားမပြောခင်အထိ ကျွန်တော်တကယ်မသိခဲ့တာပါ" ဇူအန် မျက်တောင်တစ်ချက်မခတ်ဘဲ လိမ်လိုက်သည်။ သူက ရင်ဘတ်ကို ထု၍ အာမခံလိုက်သေးသည်။
"ယောက္ခမကြီး ဒေါသဖြေပါ။ ဒေါသကြောင့် ခန္ဓာကိုယ်ကို မထိခိုက်ပါစေနဲ့။ ကျုပ် နောက်ဆိုရင် အဲ့လို နိမ့်ကျပြီး စုတ်ပြတ်တဲ့နေရာကို ဘယ်တော့မှ မသွားတော့ဘူးလို့ ဂတိပေးတယ်"

မေချောက်ဖုန်းက သူ့ကို နောက်တစ်ခေါက်အဝင်ခံပြီး သူတို့ပိုက်ဆံအနိုင်ခံရအောင် တုံးမှာမှ မဟုတ်တာ။ ဒီကတိက ဦးနှောက်မရှိတာပဲ။

ချင်ဝမ်ယွီ၏ အမှန်အကန်ဒေါသက ပိုပြီး လျော့သွားရသည်။ ဇူအန်၏ ထူးဆန်းသော စိတ်ပါလက်ပါ အမူအရာက သူမပြင်ထားသော စာကြောင်းများကို မေ့သွားစေသည်။ သူမက ချူချူယန်ဘက်ကို လှည့်၍ မျက်စောင်းထိုးလိုက်ပြီး
"နင်က သူ့ကို သတိပေးခဲ့သင့်တာ။ သူနဲ့ အတူ ဘာလို့ လိုက်သွားရတာလဲ"

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now