75

389 63 0
                                    

Chapter 75.ဆက်ဆံမှု

စနိုး မျက်နှာရဲသွားသည်။ ဇူအန်လို အမှိုက်အရည်အချင်းနှင့်လူအား မရှင်းနိုင်ခြင်းက ရှက်စရာပင်။
"ကျွန်မလည်း ဘာဖြစ်သွားမှန်းမသိဘူး…ရုတ်တရက် ဗိုက်က မခံနိုင်အောင် နာလာတာ။ကျွန်မအဲ့လိုအခြေအနေနဲ့ တွေ့ဖို့ အဲ့ကောင်က ကံကောင်းလွန်းသွားတာ"

ထိုစကားများပြောလိုက်ရင်း ဇူအန်ထိုသို့လုပ်သွားခြင်းက ပထမအကြိမ်မဟုတ်ကြောင်း ပြန်သတိရသွားသည်။

"ဟုတ်တယ်၊ အဲ့ကောင်က ထူးထူးဆန်းဆန်းကို ကံကောင်းတာ" မေချောက်ဖုန်း ပြန်ဖြေသည်။ သူ့လောင်းကစားဝိုင်းမှ ငွေ၇ သန်းခွဲ ကို နှစ်ချီတည်းနှင့် အနိုင်ရသွားသူက ကံဆိုးတဲ့လူ မဖြစ်နိုင်ချေ။
မိန်းမတွေက တကယ်ယုံလို့မရဘူး။ စနိုးက တစ်လောကလုံး သူပိုင်သလို လုပ်နေပြီး တကယ်လည်း လုပ်ရော အကုန်လုံး ရေစုန်မျောသွားရော ။ သူက ဒီလောက် မယုံရမှန်းသိရင် ငါစာချုပ်မရေးပေးလိုက်ပါဘူး။

သူမ အလွယ်တကူ ပြန်ယူနိုင်သော အရည်အချင်းကို  ယုံကြည်၍သာ မေချောက်ဖုန်း ဂတိစာချုပ်ကို ရေးလိုက်ခြင်းပင်။ သူ့ကို ဖြေရှင်းစရာတပုံတခေါင်းကြီး ပေး၍ စနိုးက လုပ်ကြံမှုကို ကျရှုံးမည်မှန်း မထင်ထားချေ။
မေချောက်ဖုန်း မျက်လုံးတွင် လူသတ်ရိပ်တစ်ခု ဖြတ်ပြေးသွားသည်။
"ကြည့်ရတာ ငါကိုယ်တိုင် လှုပ်ရှားရတော့မယ်နဲ့ တူတယ်"

သူဘာလုပ်လုပ် ထိုစာချုပ်က သူ့ကို ကျိန်စာတိုက်ထားသလိုပင်။ ထိုအရာကြောင့် ဖြစ်လာနိုင်သော ရှုပ်ထွေးမှုများကို တစ်ချိန်လုံး စိတ်ပူနေရသည်။ ဇူအန်လက်ထဲတွင် ဆက်ရှိနေပါက သီမံ၍ ရသေးသည်။ ဇူအန်သာ တစ်ခြားတစ်ယောက်ကို လက်လွှဲလိုက်လျှင်...

စနိုးက အမြန်အကြံပေးလိုက်သည်။
"ရှင် ကမန်းကတန်း မလုပ်နဲ့။ လတ်တလောဖြစ်ရပ်တွေကြောင့် ချူအိမ်က လုံခြုံရေးတင်းကြပ်ပြီး ဇူအန်ကို ကာကွယ်ဖို့ ကိုယ်ပိုင်အစောင့် ချပေးထားမှာ သေချာတယ်။ ရှင်ကိုယ်တိုင် လှုပ်ရှားရင်တောင် အများဆုံးက အောင်နိုင်ခြေမျှင်မျှင်လေးပဲ ရှိမှာ"

"ဒါဆို ငါဘာလုပ်ရမလဲ" မေချောက်ဖုန်း ခေါင်းရှုပ်သွားသည်။ ချူအိမ်ကို သတိထားမိစေတာ ဒီမိန်းမအပြစ်ပဲ။
"ငါတို့ သူ့ကို ချူအိမ်မှာ ထိလို့မရဘူး။ အကယ်ဒမီဆို ပိုဆိုး။ အမှန်တော့ မက်မွန်ပွင့် ၁၃ သေဆုံးတာက အကယ်ဒမီရဲ့ လုပ်ရပ်လို့ ငါတို့သံသယဝင်နေတာ"

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Kde žijí příběhy. Začni objevovat