164

329 57 0
                                    

Chapter 164: ရွေးချယ်မှု

“ဘာတွေ ငေးကြောင်ကြောင်လုပ်နေတာလဲ။ မြန်မြန် အဲ့အလင်းရောင်ခြည်ကို သူတို့ပေါ် လင်းဖြာစေလိုက်” ယင်းမိန်းကလေးအသံက ခပ်ဆတ်ဆတ် ပြောလာသည်။ အရေးကြီးသည့် အချိန်မှ သူ အာရုံထွေပြားသွားသည်ကို သူမ သဘောမကျပါ။

ဇူအန် ငေးတိငေးကြောင်ဖြစ်နေရာမှ ဆတ်ခနဲ အသိပြန်ဝင်လာသည်။ သူ့ဓါတ်မီးကို အလျှင်အမြန် မြောက်လိုက်ပြီး သူ့ရှေ့ရှိ တာရာကိုတာရဲမက်များဘက်သို့ ချိန်ထိုးလိုက်သည်။

သူ့ဓါတ်မီး၏ တဖိတ်ဖိတ်လင်းဖြာသော ရောင်ခြည်အောက်၌ တာရာကိုတာစစ်သားများပေါ်ရှိ တောက်ပသော အရောင်အသွေးများသည် သိသာမြင်သာသော နှုန်းထားနှင့် စတင်မှေးမှိန်ပျောက်ကွယ်သွားကြသည်။ လွန်ခဲ့သည့် မိနစ်အနည်းငယ်တုန်းက သူတို့သည် အားမာန်အပြည့်ဖြင့် ရှေ့ချီတက်လာခဲ့ကြသည်။ သို့သော် မီးလုံးရောင်ခြည်ရှေ့၌ သူတို့သည် တုံ့ဆိုင်းမှုတစ်စုံတစ်ရာမရှိဘဲ အမြီးကုပ်လှည့်ထွက်ပြေးသွားကြသည်။ အချို့သည် စိုးရိမ်ဗျာများပြီး ချော်လဲသွားကြသည်။

အရင် သူတို့ လှုပ်ရှားပြုမူပုံနှင့် နောက်ပိုင်းပြုမူပုံတို့၏ ကြီးမားသော ကွာဟခြားနားချက်က ထိုအဖြစ်ကို အလွန်ရယ်ချင်စရာဖြစ်သွားစေသည်။ သူတို့၏ နဂိုမူလနေရာသို့ အလျှင်အမြန် ပြန်သွားကြပြီး သူတို့ခေါင်းများကို လှည့်၍ ဘာမှမမြင်နိုင် မကြားနိုင်သည့်ပမာ နေသွားကြသည်။

သူတို့မျက်လုံးထဲရှိ အပြာရောင်မီးလျှံလည်း လျှင်လျှင်မြန်မြန် ပြန်မှေးမှိန်သွားသည်။ အသက်မဲ့ကျောက်ရုပ်ကြွင်းများအဖြစ်သို့ ပြန်ရောက်သွားကြသည့်ပမာပင်။

“ကြည့်ရတာ သန်မာသူကို ကြောက်ပြီး အားနည်းသူကို ဖိနှိပ်တာက ဘဝပုံစံအားလုံးရဲ့ မူလဗီဇထင်တယ်” ဇူအန်သည် သူ့မီးလုံးကို မြေနီရဲမက်များဘက်သို့ ဆက်လက်ထိုးလိုက်သည်။ သို့သော် တစ်ယောက်တစ်လေကမျှ လုံးဝတုံ့ပြန်မလာကြချေ။

သို့သော် အမျက်ပွိုင့်များသည် သူ့ စနစ် ထဲသို့ တဖြည်းဖြည်း ဝင်ရောက်လာနေဆဲဖြစ်သည်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now