45

404 50 0
                                    

Chapter 45: အနည်းဆုံးတော့ မေးကြည့်သင့်တယ်မလား

ဇူအန်က ခြိမ်းခြောက်မှုကို မမူပေ။ သူလည်း လက်ဖြန့်လိုက်ပြီး တောင်းလိုက်သည်။
"မင်းတို့ရဲ့ ကီကျောက်အားလုံးထုတ်ပေး။ ငါဒီနေ့ကိစ္စကို မရှိဘူးလို့ သတ်မှတ်လိုက်မယ်"

မန်ယွီ စိတ်တိုသွားပြီး
"ဒါ မင်းရွေးချယ်တာပဲ" သူ့ရဲ့ လက်သီးကို မြှောက်၍ ဇူအန်ထံ လျင်မြန်ပြီးတိကျစွာ ပစ်သွင်းလိုက်သည်။

ဒါက သူ့စကားမနာခံသော ကျောင်းသားတိုင်းကို ပျောက်ကွယ်စေသော အကွက်ပင်။ လက်သီးတစ်ချက်က သားကောင်၏ယုံကြည်မှုအားလုံးကို ဖျက်စီးစေခဲ့သည်ပင်။

သင်သည် မန်ယွီ ထံမှ အမျက်ပွိုင့် ၁၇၇ ရယူလိုက်သည်။

ဇူအန် မကျေနပ်ပေ။ ဒီဖက်တီးက ဒေါသထွက်နေပုံပေါ်ပေမဲ့ အမျက်ပွိုင့်က သူ့မျက်နှာနှင့် အချိုးမညီပေ။ သူက လက်တစ်ဖက်အသာမြှောက်၍ ဖက်တီး၏လက်သီးကို အသာဆုပ်ကိုင်လိုက်သည်။

မန်ယွီ ကြောက်လန့်စွာ ပင့်သက်ရှိုက်လိုက်မိသည်။ သူက အသည်းအသန်လက်ကို ဆွဲထုတ်သော်လည်း လှုပ်ပင် မလှုပ်ချေ။

ဇူအန် အသာသက်ပြင်းချလိုက်သည်။
"ငါမင်းကို ကောင်းကောင်းပြောတာပဲ။ မင်းကမှ နားမထောင်တာ။ အခြေအနေတွေ ဒီလိုဖြစ်မှ ရမှာလား။ အခုတော့ မင်းကီကျောက်ကို ထုတ်ပေးချင်ပြီလား"

သူ့ကျင့်ကြံမှုသည် အဆင့်၃ ရောက်နေလေပြီ။ ခွန်အားအရ သူက သာမန်ယောက်ျားလေး ၈၈ ယောက်နှင့် ညီလေသည်။ ဒီဖက်တီးက အဝါရောင်အခန်းကို အပို့ခံရမှဖြင့် အများဆုံး အဆင့်၂ အနိမ့်ပိုင်းတွင်သာ ရှိပေလိမ့်မည်။ ဖက်တီးက ဇူအန်ကို ယှဉ်နိုင်စရာ မရှိပေ။

မန်ယွီက အလွယ်တကူ အရှုံးမပေးချင်ပေ။ သူက နောက်လက်တစ်ဖက်ကို ဇူအန်ထံ ထိုးလိုက်သော်လည်း သာသာယာယာ အဖမ်းခံလိုက်ရပြန်သည်။

ကြည့်ရတာ ဒီဖက်တီးက အလျှော့မပေးချင်သည့်ပုံပင်။ ဇူအန် အခြေအနေကို ပြင်ရမည်။ သူ့လက်ကို အားအနည်းငယ်ထည့်၍ ဇူအန်ဆုတ်ကိုင်လိုက်သည်။

"အား..အား..အား...လွှတ်လိုက် လွှတ်လိုက်.." ဖက်တီးက နာလွန်း၍ မျက်လုံးမှိတ်ပြီး အော်လေသည်။ သူက မျက်ရည်ကျမတတ်ပင်။ သူက ဒီမျောက်စုတ်လက်ထဲတွင် ခံလိုက်ရမည်ဟု မထင်ထားပေ။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Hikayelerin yaşadığı yer. Şimdi keşfedin