53

387 61 0
                                    

Chapter 53: ချောက်ချခြင်း

ဇူအန်အကြည့်ကို သတိထားမိ၍ ချူဟွမ်ကျောက် မျက်နှာရဲလာသည်။ သူမ စိတ်ရှုပ်စွာ ပြောလိုက်သည်။
"နင်က ဘာလို့ ဒီလောက်ပိုက်ဆံအများကြီး ချေးရတာလဲ"

သင်သည် ချူဟွမ်ကျောက် ထံမှ အမျက်ပွိုင့် ၂၄၁ ရယူလိုက်သည်။

မက်မွန်ပွင့် ၁၃ အသက်အောင့်ထားခြင်းကို ရှုထုတ်လိုက်မိသည်။ သူက တကယ် ဇူအန်အစား အကြွေးဆပ်မည်ကို စိုးရိမ်နေခြင်းပင်။ သူ့ပစ်မှတ်သည် ပိုက်ဆံမဟုတ်ဘဲ ဇူအန်အသက်ဖြစ်လေသည်။

"ကံစမ်းဖို့ ငါတို့လောင်းကစားဝိုင်းကို အတူသွားခဲ့တုန်းက သူပါလာတာထက်ကို ပိုရှုံးသွားလို့"

ဇူအန်၏ စရိုက်မှန်ကို ဖော်ထုတ်၍ ဒီမိန်းကလေး သွေးပူနေတုန်း အကြွေးဆပ်ပေးမည်ကို ကာကွယ်လိုက်ခြင်းပေ။
စဉ်းစားကြည့်မှ ဒီကလေးမကို မြင်ဖူးသလိုပဲ...။

"ဇူအန် နင်ခွေးမသား။ ချူအိမ်မှာ လောင်းကစားလုပ်တာကို ပိတ်ပင်ထားတယ်လေ။ အပြစ်အကြီးစားဆိုတာမသိဘူးလား။ မနှစ်ကပဲ ငါ့ဝမ်းကွဲတစ်လောက် ကာစီနိုသွားလို့ ခြေထောက်ရိုက်ချိုးခံလိုက်ရတယ်လေ" ချူဟွမ်ကျောက် ဒေါသတကြီး ကျိန်းမောင်းလေသည်။

သင်သည် ချူဟွမ်ကျောက် ထံမှ အမျက်ပွိုင့် ၃၃၃ ရယူလိုက်သည်။

မက်မွန်ပွင့် ၁၃ သဘောပေါက်သွား၍ နှလုံးတစ်ချက် ခုန်သွားရသည်။ သူ့ရှေ့က ကလေးမသည် ချူအိမ်၏ ဒုတိယသမီး ပင်ဖြစ်လေသည်။
ဒါက ထူးဆန်းတယ်။ အဲ့ဒီဆန်ကုန်မြေလေး ဇူအန်ကို ချူအိမ်က မကြိုဆိုဘူးလို့ ထင်ထားတာ။ အခုတော့ အဲ့လိုမဟုတ်သလိုပဲ။

ဇူအန် ခေါင်းကိုက်လာသလိုပင်။ မက်မွန်ပွင့် ၁၃၏ နောက်ယောင်ခံလိုက်ခြင်းက ထင်တာထက် ပိုဆိုးသလိုပင်
"ငါ့နောက်ကို မကျွတ်သေးတဲ့ တစ္ဆေတစ်ကောင်လို လိုက်မနေနဲ့။ မင်းကို ပေးစရာရှိတာ ပေးရင် ပြီးရောမလား"

သူပြောရင်း အင်္ကျီထဲမှ အိတ်တစ်ခုကို နှိုက်လိုက်သည်။
"ငါမှာ ကီကျောက် ၇ ခု ရှိတယ်။ ဒီဟာက စျေးကွက်ထဲမှာ ဝယ်လို့မရတော့ အနည်းဆုံး ငွေစ ၈၀၀ တန်တယ်။ ငါ့မှာ နောက်ထပ် ငွေစတစ်ရာ ရှိသေးတယ် ဒီမှာ..."

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Hikayelerin yaşadığı yer. Şimdi keşfedin