19

491 66 0
                                    

Chapter 19: ရေကန်ထဲက မိန်းမပျိုလေး

"ခေါင်းဆောင်နဲ့ ငါ့ညီ၁၃ က ငါ့အတွက် ကျိန်းသေ လက်စားချေပေးလိမ့်မယ်" မက်မွန်ပွင့် က လွတ်လမ်းမရှိတော့ကြောင်း သိလိုက်သည်။

ဇူအန် သူ့အိတ်ထဲမှ စာအုပ်တစ်ခုထုတ်လိုက်၍ မက်မွန်ပွင့်ဂိုဏ်းခေါင်းဆောင်နဲ့ မက်မွန်ပွင့် ၁၃ ဟု ချရေးလိုက်သည်။

"ဘယ်လိုဖြစ်ဖြစ် ငါလည်း သူတို့နဲ့ ရှင်းရဦးမှာပဲ" ဇူအန် ပြန်ဖြေသည်။ သူ့ကိုအကောက်ကြံနေသော ကြိုးကိုင်သူအား ရှာဖွေရန် မက်မွန်ပွင့်ဂိုဏ်းသည် တစ်ခုတည်းသော လမ်းစဖြစ်နေသည်။

မက်မွန်ပွင့် ၁၂ မကြာခင်ပင် တင်ပါးကွဲဝံပုလွေများ ဝန်းရံခံလိုက်ရသည်။ သူက နောက်ဆုံးစကားတစ်ခွန်းသာ ပြောချိန်ရပြီး တစ်စစီဆုတ်ဖြဲခံလိုက်ရသည်။

"မင်..မင်း အသေ..ကောင်းနဲ့..မသေ...ရဘူး"

သင်သည် မက်မွန်ပွင့် ၁၂ ထံမှ အမျက်ပွိုင့် ၉၉၉ ရယူလိုက်သည်။

မက်မွန်ပွင့်သည် အစ်ကိုတန် လွန်ခဲ့သော နှစ်နာရီခန့်က ပြောခဲ့သောစကားများကို သူပြောရလိမ့်မည်ဟု မမျှော်လင့်ထားပေ။

"အားနည်းတဲ့လူပဲ ကျိန်ဆဲတာ လို့ ဘယ်သူပြောခဲ့တာလဲ "ဇူအန် သက်ပြင်းချလိုက်သည်။ သူက အောက်ရှိ သွေးသံရဲရဲမြင်ကွင်းကား ငုံ့ကြည့်၍ တွန့်သွားသည်။
သူက ကျားအသည်းရှိသော သူမဟုတ်။ နောက်ပြန်၍ ချက်ချင်း လှည့်ပြေးလေသည်။

အခုထိတိုင် လိုအပ်သော ဘူးလုံး ဆယ်ခုအနက် တစ်ခုသာ ရသေးသည်။ တစ်ခြားကိုးခုကို ဘယ်လိုရအောင် လုပ်ရမလဲ။
တည့်တိုးလုပ်ခြင်းက မကောင်းနိုင်ပေ။ မက်မွန်ပွင့်လုပ်ပြီးသွားပြီ။ မသေခင် ဝံပုလွေခြောက်ကောင်ကိုသာ သတ်နိုင်လိုက်သည်။

သူ့လို ကျင့်ကြံသူပေါက်စက မည်သို့မျှ ယှဉ်နိုင်လိမ့်မည်မဟုတ်ကြောင်း ဇူအန် နားလည်လေသည်။
ဝံပုလွေခေါင်းဆောင်သည် တတိယအဆင့်ဖြစ်နိုင်သည်ဟု ဇူအန်သုံးသပ်ပြီးပြီ။ တစ်ယောက်ချင်းတိုက်လျှင်ပင် မနိုင် နိုင်ပေ။ အခုလို အင်အားမမျှလျှင် ပိုဆိုးပေသည်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now